SteelSeries Nimbus + Wireless Controller

Official Apple-licensed wireless connectivity ဖြစ်တဲ့ SteelSeries Nimbus + Wireless Controller ဖြစ်ပါတယ်။ Nimbus + iPhone Mount ပါဝင်တဲ့အတွက် iPhone နဲ့ ချိတ်ဆက်ကစားနိုင်သလို iPad, iPod, Apple TV သို့မဟုတ် Mac တို့မှာလည်း ဂိမ်းထောင်ပေါင်းများစွာကို ချိတ်ဆက် ကစားနိုင်မှာဖြစ်ပါတယ်။ Lithium-ion rechargeable ဘက်ထရီ ထောက်ပံ့ပေးထားပြီး တစ်ခါအားပြည့်အောင် သွင်းထားရင် နာရီပေါင်း ၅၀ ကျော် ဆက်တိုက် ကစားနိုင်မှာပါ။ console ကဲ့သို့ စွမ်းဆောင်ရည်အတွက်နှိပ်နိုင်တဲ့ L3 / R3 joysticks နဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ Bluetooth module အသစ် စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ iPhone မှာ iPhone 6 နဲ့အထက် iPod touch မှာ iPod touch 7th gen နဲ့အထက်၊ iPad မှာ iPad Pro (12.9-inch) 2nd and 3rd gen, iPad Pro (11-inch), iPad Pro (10.5-inch), iPad Pro (9.7 inch), iPad Air 2, iPad Air 3rd gen, iPad mini 4, iPad mini 5th gen, iPad 5th and 6th gen တွေ၊ Apple TV မှာ Apple TV 4K, Apple TV 4th gen တွေနဲ့ Mac တွေမှာ နောက်ဆုံး OS တွေ အထိ ချိတ်ဆက် အသုံးပြု ကစားနိုင်မှာပါ။

အမေရိကန်ဒေါ်လာ ၈၅ နဲ့ ညီမျှ တဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Shwe Lamin Nagar Co.,Ltd မှ တရားဝင် တင်သွင်းဖြန့်ချိပြီး ဖုန်း ၀၁- ၂၅၅၆၅၅ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««