Steam Link app ရဲ႕ iOS ဗားရွင္းကို Apple ပယ္ခ်ခဲ့ေၾကာင္း Valve ေျပာၾကား

[ Zawgyi ]

Apple ဟာ Steam Link app ရဲ႕ iOS ဗားရွင္းအတြက္ ေထာက္ခံခ်က္ကုိ ပယ္ခ်ခဲ့တယ္လို႔ Valve က ေျပာၾကားခဲ့ပါတယ္။ Steam Link ဆိုတာက အိမ္သုံးကြန္ရက္တစ္ခုတည္းေပၚမွာ ကြန္ပ်ဴတာ PC ဂိမ္းေတြကို stream ျပဳလုပ္ခြင့္ေပးတဲ့ app ျဖစ္ပါတယ္။ Apple ဟာ ဒီလအေစာပုိင္းမွာ Steam Link app ကို ေထာက္ခံခ်က္ေပးခဲ့ပါတယ္။

“ေမလ ၇ ရက္ (တနလၤာ) ေန႔မွာ Apple က Steam Link app ျဖန္႔ခ်ိမႈအတြက္ ေထာက္ခံခ်က္ေပးခဲ့ပါတယ္။ ေမလ ၉ ရက္ (ဗုဒၶဟူးေန႔) မွာေတာ့ Valve က app ျဖန္႔ခ်ိတဲ့သတင္းကို ထုတ္ျပန္ခဲ့ပါတယ္။ ေနာက္တစ္ရက္မွာေတာ့ မူလသုံးသပ္အဖြဲ႕က သတိမျပဳမိခဲ့တဲ့ app လမ္းညႊန္ခ်က္ေတြနဲ႔ လုပ္ငန္းအၾကား အျငင္းပြားဖြယ္ကိစၥေတြကုိ ကုိးကားေျပာၾကားၿပီး Apple က ေထာက္ခံခ်က္ကုိ ျပန္႐ုပ္သိမ္းခဲ့တယ္” လို႔ Valve ကေျပာပါတယ္။

Steam Link app ဟာ App Store ေပၚက remote desktop applicaton ေတြလို LAN အေျခခံ remote desktop လုပ္ေဆာင္ခ်က္ကုိပဲ အသုံးျပဳထားတယ္ဆုိၿပီး Valve က အယူခံဝင္ခဲ့ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ပါဝင္တဲ့ app ေတြထဲမွာ Microsoft က တရားဝင္ျဖန္႔ခ်ိထားတဲ့ Windows Remote Desktop app, LogMeln နဲ႔ GoToMyPC နဲ႔ ကုမၸဏီအမ်ားအျပားက third-party app ေတြပါဝင္လာပါတယ္။ Steam Link app လိုမ်ိး ကြန္ပ်ဴတာေပၚက ဂိမ္းေတြကို အေဝးကေန ကစားႏုိင္ဖို႔ Nvidia ရဲ႕ GameStream နည္းပညာသုံး iOS အတြက္ streaming app ေတြလည္း ရွိပါတယ္။

ဒါေပမဲ့ Valve ရဲ႕အယူခံဟာ ပယ္ခ်ခံခဲ့ရတာေၾကာင့္ iOS အတြက္ Steam Link app ဟာ ထြက္ရွိဖို႔ အတားအဆီးျဖစ္ေနပါတယ္။

Steam Link app မွာ တိုက္႐ိုက္ဂိမ္းဝယ္ယူႏိုင္တဲ့ လုပ္ေဆာင္ခ်က္ မပါဝင္ပါဘူး။ သုံးစြဲသူေတြက app နဲ႔ခ်ိတ္ဆက္ထားစဥ္မွာ Big Picture mode interface ကတစ္ဆင့္ ကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္ၿပီး Steam ဂိမ္းေတြကို အလြယ္တကူ ဝယ္ယူ download ျပဳလုပ္ႏိုင္ပါတယ္။ Apple ရဲ႕လမ္းညႊန္ခ်က္ေတြအရ “in-app purcharses” အတြက္ ဝင္ေငြ ၃၀ ရာခုိင္ႏႈန္းေဝမွ်ေပးဖို႔ လိုအပ္တာေၾကာင့္ အခုလုပ္ေဆာင္ခ်က္က လမ္းၫႊန္ခ်က္နဲ႔ အျငင္းပြားဖြယ္ျဖစ္ေနတယ္လို႔ သိရပါတယ္။

စုိးထက္
Ref: ArsTechnica

============

[ Unicode ]

Steam Link app ရဲ့ iOS ဗားရှင်းကို Apple ပယ်ချခဲ့ကြောင်း Valve ပြောကြား

============

Apple ဟာ Steam Link app ရဲ့ iOS ဗားရှင်းအတွက် ထောက်ခံချက်ကို ပယ်ချခဲ့တယ်လို့ Valve က ပြောကြားခဲ့ပါတယ်။ Steam Link ဆိုတာက အိမ်သုံးကွန်ရက်တစ်ခုတည်းပေါ်မှာ ကွန်ပျူတာ PC ဂိမ်းတွေကို stream ပြုလုပ်ခွင့်ပေးတဲ့ app ဖြစ်ပါတယ်။ Apple ဟာ ဒီလအစောပိုင်းမှာ Steam Link app ကို ထောက်ခံချက်ပေးခဲ့ပါတယ်။

“မေလ ရ ရက် (တနင်္လာ) နေ့မှာ Apple က Steam Link app ဖြန့်ချိမှုအတွက် ထောက်ခံချက်ပေးခဲ့ပါတယ်။ မေလ ၉ ရက် (ဗုဒ္ဓဟူးနေ့) မှာတော့ Valve က app ဖြန့်ချိတဲ့သတင်းကို ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ မူလသုံးသပ်အဖွဲ့က သတိမပြုမိခဲ့တဲ့ app လမ်းညွှန်ချက်တွေနဲ့ လုပ်ငန်းအကြား အငြင်းပွားဖွယ်ကိစ္စတွေကို ကိုးကားပြောကြားပြီး Apple က ထောက်ခံချက်ကို ပြန်ရုပ်သိမ်းခဲ့တယ်” လို့ Valve ကပြောပါတယ်။

Steam Link app ဟာ App Store ပေါ်က remote desktop applicaton တွေလို LAN အခြေခံ remote desktop လုပ်ဆောင်ချက်ကိုပဲ အသုံးပြုထားတယ်ဆိုပြီး Valve က အယူခံဝင်ခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ပါဝင်တဲ့ app တွေထဲမှာ Microsoft က တရားဝင်ဖြန့်ချိထားတဲ့ Windows Remote Desktop app, LogMeln နဲ့ GoToMyPC နဲ့ ကုမ္ပဏီအများအပြားက third-party app တွေပါဝင်လာပါတယ်။ Steam Link app လိုမျိး ကွန်ပျူတာပေါ်က ဂိမ်းတွေကို အဝေးကနေ ကစားနိုင်ဖို့ Nvidia ရဲ့ GameStream နည်းပညာသုံး iOS အတွက် streaming app တွေလည်း ရှိပါတယ်။

ဒါပေမဲ့ Valve ရဲ့အယူခံဟာ ပယ်ချခံခဲ့ရတာကြောင့် iOS အတွက် Steam Link app ဟာ ထွက်ရှိဖို့ အတားအဆီးဖြစ်နေပါတယ်။

Steam Link app မှာ တိုက်ရိုက်ဂိမ်းဝယ်ယူနိုင်တဲ့ လုပ်ဆောင်ချက် မပါဝင်ပါဘူး။ သုံးစွဲသူတွေက app နဲ့ချိတ်ဆက်ထားစဉ်မှာ Big Picture mode interface ကတစ်ဆင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Steam ဂိမ်းတွေကို အလွယ်တကူ ဝယ်ယူ download ပြုလုပ်နိုင်ပါတယ်။ Apple ရဲ့လမ်းညွှန်ချက်တွေအရ “in-app purcharses” အတွက် ဝင်ငွေ ၃၀ ရာခိုင်နှုန်းဝေမျှပေးဖို့ လိုအပ်တာကြောင့် အခုလုပ်ဆောင်ချက်က လမ်းညွှန်ချက်နဲ့ အငြင်းပွားဖွယ်ဖြစ်နေတယ်လို့ သိရပါတယ်။

စိုးထက်
Ref: ArsTechnica