Steam ဂိမ္းတစ္ခုက Dota 2 item အတုေတြသံုးၿပီး လူေတြကို scam ျပဳလုပ္ခဲ့

[Zawgyi]

Scammer အဖြဲ႕တစ္ဖြဲ႕ဟာ Dragonclaw Hook အတုေတြကို ေရာင္းခ်ဖို႔အတြက္ ဆိုးရြားလွတဲ့ ဂိမ္းတစ္ခုကို အသံုးျပဳခဲ့ပါတယ္။

Climber လို႔ေခၚတဲ့ ဂိမ္းဟာ Dota 2 ကစားသူေတြက Climber user ေတြရဲ႕ ပံုစံတူ Dota 2 item ေတြနဲ႔ scam လုပ္ခံရေၾကာင္းကို တိုင္တန္းခဲ့ၾကတဲ့ေနာက္ Steam ကေန ေပ်ာက္ကြယ္သြားၿပီ ျဖစ္ပါတယ္။
အဲ့ဒီ scam ဟာ Dragonclaw Hook လို႔ေခၚတဲ့ Dota 2 item တစ္ခုကို အသံုးျပဳပါတယ္။ Dragonclaw Hook ဟာ ဟီး႐ိုး Pudge အတြက္ immortal-rarity item တစ္ခုျဖစ္ပါတယ္။ ဒီ item ဟာ ၂၀၁၃ ခုႏွစ္ အေစာပိုင္းကာလမွာ ထြက္ေပၚခဲ့ၿပီးတဲ့ေနာက္ ေပါက္ေစ်း ေဒၚလာ ၈၀၀ ဝန္းက်င္ရိွတဲ့ Steam Community Market ကလြဲၿပီး ျပင္ပမွာ မရေတာ့တာ ၾကာပါၿပီ။

ဒါေပမဲ့ Climber user ေတြသံုးခဲ့တဲ့ Dragonclaw Hook က အတု ျဖစ္ပါတယ္။ Reddit ေပၚမွာ angelof1991 တင္ခဲ့တဲ့ screenshot တစ္ခုအရ Climber ရဲ႕ hook အတုဟာ Dragonclaw Hook အစစ္နဲ႔ ပံုေရာ description ပါ တူညီေနပါတယ္။

mage203 ရဲ႕ screenshot မွာဆိုရင္ Climber ဟာ Steam Community Market မွာ Dota 2 လိုဂိုကိုပါ အသံုးျပဳထားပံုကို ျပသထားပါတယ္။

Climber ရဲ႕ Steam Database entry က ဒီ screenshot ေတြကို အတည္ျပဳထားပါတယ္။
Climber ရဲ႕ Steam စာမ်က္ႏွာ cached version တစ္ခုမွာ ဂိမ္းကို Early Access အျဖစ္ ၂၀၁၈၊ ေမ ၁၈ ရက္ မွာ ၁ ေဒၚလာနဲ႔ စတင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ Steam description မွာေတာ့ “အတတ္ႏိုင္ဆံုး ခပ္ေဝးေဝးေရာက္ေအာင္ သြားရမယ့္ ဂိမ္းတစ္ခု” ျဖစ္တယ္လို႔ ေရးသားထားပါတယ္။ ဒီဂိမ္းဟာ Max Dirt Bike ပံုစံဂိမ္းတစ္ခုျဖစ္ၿပီး Microsoft Paint နဲ႔ ဖန္တီးထားတယ္လို႔ သိရပါတယ္။

Ref: PCGamer

[Unicode]

Scammer အဖွဲ့တစ်ဖွဲ့ဟာ Dragonclaw Hook အတုတွေကို ရောင်းချဖို့အတွက် ဆိုးရွားလှတဲ့ ဂိမ်းတစ်ခုကို အသုံးပြုခဲ့ပါတယ်။

Climber လို့ခေါ်တဲ့ ဂိမ်းဟာ Dota 2 ကစားသူတွေက Climber user တွေရဲ့ ပုံစံတူ Dota 2 item တွေနဲ့ scam လုပ်ခံရကြောင်းကို တိုင်တန်းခဲ့ကြတဲ့နောက် Steam ကနေ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။
အဲ့ဒီ scam ဟာ Dragonclaw Hook လို့ခေါ်တဲ့ Dota 2 item တစ်ခုကို အသုံးပြုပါတယ်။ Dragonclaw Hook ဟာ ဟီးရိုး Pudge အတွက် immortal-rarity item တစ်ခုဖြစ်ပါတယ်။ ဒီ item ဟာ ၂၀၁၃ ခုနှစ် အစောပိုင်းကာလမှာ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပေါက်စျေး ဒေါ်လာ ၈၀၀ ဝန်းကျင်ရှိတဲ့ Steam Community Market ကလွဲပြီး ပြင်ပမှာ မရတော့တာ ကြာပါပြီ။

ဒါပေမဲ့ Climber user တွေသုံးခဲ့တဲ့ Dragonclaw Hook က အတု ဖြစ်ပါတယ်။ Reddit ပေါ်မှာ angelof1991 တင်ခဲ့တဲ့ screenshot တစ်ခုအရ Climber ရဲ့ hook အတုဟာ Dragonclaw Hook အစစ်နဲ့ ပုံရော description ပါ တူညီနေပါတယ်။

mage203 ရဲ့ screenshot မှာဆိုရင် Climber ဟာ Steam Community Market မှာ Dota 2 လိုဂိုကိုပါ အသုံးပြုထားပုံကို ပြသထားပါတယ်။

Climber ရဲ့ Steam Database entry က ဒီ screenshot တွေကို အတည်ပြုထားပါတယ်။
Climber ရဲ့ Steam စာမျက်နှာ cached version တစ်ခုမှာ ဂိမ်းကို Early Access အဖြစ် ၂၀၁၈၊ မေ ၁၈ ရက် မှာ ၁ ဒေါ်လာနဲ့ စတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Steam description မှာတော့ “အတတ်နိုင်ဆုံး ခပ်ဝေးဝေးရောက်အောင် သွားရမယ့် ဂိမ်းတစ်ခု” ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဒီဂိမ်းဟာ Max Dirt Bike ပုံစံဂိမ်းတစ်ခုဖြစ်ပြီး Microsoft Paint နဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။

Ref: PCGamer