Stay home ကာလမှာ Mobile Money သုံးပြီး ကပ်ရောဂါကို တိုက်ထုတ်ကြပါစို့

ခေတ်ကာလအချိန်စက်ဝိုင်းထဲမှာ ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတာ ငြင်းမရပါဘူး။ တစ်ချိန်တစ်ခါက ငွေစု၊ ငွေထုတ်၊ ငွေလွှဲခြင်းတွေကို ပြုလုပ်ဖို့ ကိုယ်အပ်ထားတဲ့ ဘဏ်ပိတ်ချိန် မရောက်မီ ပြေးလွှားသွားခဲ့ရတယ်။ အခုတော့ ဒီဒုက္ခတွေကနေ တော်တော်လေး ကင်းခဲ့ရပြီဆိုတာ မျက်မြင်ကိုယ်တွေ့ မြင်နေခဲ့ရပါပြီ။ ယနေ့ အချိန်အခါမှာ မိသားစုကိစ္စပဲဖြစ်ဖြစ်၊ ကိုယ့်ကိစ္စပဲဖြစ်ဖြစ် အရေးပေါ်ငွေလိုလာပြီဆိုရင် တစ်ဦးနဲ့ တစ်ဦး ငွေလွှဲဖို့ကိုလည်း ထွေထွေထူးထူး ဘာမှ လုပ်စရာမလိုဘဲ စမတ်ဖုန်းထဲ App လေးထဲဝင်ပြီး အလွယ်တကူပဲ ငွေလွှဲနေနိုင်တာကြောင့် အခုနောက်ပိုင်းမှာ တော်တော်များများ မိုဘိုင်းဖုန်းကနေ ငွေလွှဲတာကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းကနေ ငွေလွှဲတာကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေများစွာ ပေါ်ထွက်လာသလို သူတို့ရဲ့ ကိုယ်စားလှယ်ဆိုင်တွေကိုလည်း ပြည်နယ်နဲ့တိုင်းဒေသကြီး တော်တော်များများမှာ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တာကလည်း အနယ်အနယ်အရပ်ရပ်က သုံးစွဲသူတွေအတွက် မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေနဲ့ လက်လှမ်းမီလာနိုင်တယ်လို့ ပြောရပါမယ်။ ဒီလို မိုဘိုင်းဖုန်းကနေ တစ်ဆင့် ငွေလွှဲဝန်ဆောင်မှုတွေထဲမှာ Wave Money ငွေလွှဲဝန်ဆောင်မှုနဲ့အတူ သူ့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ဖြစ်တဲ့ WavePay အက်ပလီကေးရှင်းကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ရဲ့ ပိုက်ဆံအိတ်သဖွယ် အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် ခက်ခက်ခဲခဲ ဘာမှ လုပ်ဆောင်နေဖို့ မလိုဘဲ ဖုန်းနံပါတ်တစ်ခုရှိတာနဲ့ အလွယ်တကူပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

WavePay အက်ပလီကေးရှင်းကို စပြီးဝင်ရောက်ပြီဆိုတာနဲ့ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး စသုံးမယ်ဆိုရင်တော့ ဘယ်ဘက်အခြမ်းမှာရှိတဲ့ စာမျက်နှာမှာ ‘အကောင့်ဝင်မည်၊ အကောင့်လုပ်မည်’ ဆိုတာကို တွေ့ရမှာဖြစ်သလို အခြား အကြောင်းအရာတွေ ဖြစ်တဲ့ ‘ဝန်ဆောင်ခ’၊ ‘အကူအညီ’၊ ‘စည်းကမ်းနှင့်သတ်မှတ်ချက်’ စတာတွေကိုလည်း တစ်ဆင့်ချင်း ဖော်ပြပေးထားတဲ့အတွက် အခက်အခဲမရှိ အလွယ်တကူပဲ ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  WavePay အကောင့်ပြုလုပ်ပြီးပြီ ဆိုရင်တော့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေလွှဲတာတွေ၊ စာရင်းတွေ၊ ငွေသွင်း/ငွေထုတ်တာတွေ၊ ဖုန်းငွေဖြည့်တာတွေ၊ လက်မှတ်ဝယ်တာတွေ၊ ဂိမ်းနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ချေးငွေကိုယ်စားလှယ်တွေ၊ လှူဒါန်းမှုပြုလုပ်နိုင်မယ့် ဝန်ဆောင်မှုတွေကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အကောင့်ထဲကို တခြားအကောင့်တစ်ခုက ငွေလွှဲဖို့အတွက် ဖုန်းနံပါတ်မပြောချင်ဘူး ဆိုရင်လည်း ‘My QR’ ဆိုတဲ့ လုပ်ဆောင်ချက်ကနေ  လွှဲနိုင်ပါတယ်။ ကိုယ်က ငွေလွှဲချင်တယ်ဆိုရင် တခြားသူရဲ့ QR Code ကို scan ဖတ်နိုင်သလို ကိုယ်က ငွေလက်ခံချင်တယ် ဆိုရင်လည်း ကိုယ့် QR Code ကို scan ဖတ်ခိုင်းပြီး အလွယ်တကူပဲ ငွေလွှဲနိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကလည်း စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေမှာ အလွယ်တကူ အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

WavePay ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘ကိုယ့်ဘဝကိုယ့်စိတ်ကြိုက်’ ဆိုတဲ့ အတိုင်း App ထဲကို ဝင်ပြီး တစ်ချက်နှိပ်လိုက်တာနဲ့ ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေများပေးချေခြင်း၊ ခရီးသွားလက်မှတ်နဲ့ အပန်းဖြေလက်မှတ်များ ဝယ်ယူခြင်း စတဲ့ ဝန်ဆောင်မှုတွေသာမကဘဲ မိုဘိုင်းဂိမ်းများအတွက် ဂိမ်းနဲ့ ဂိမ်း item များဝယ်ယူခြင်းတွေကို အလွယ်တကူပဲ ဆောင်ရွက်နိုင်ခြင်း အပြင် အခြား လူမှုအကျိုးပြုတွေနဲ့ အစီအစဉ်နဲ့လှုပ်ရှားမှုတွေမှာလည်း လှူဒါန်းငွေတွေကို အလွယ်တကူပဲ တိုက်ရိုက် ပေးချေနိုင်ပါတယ်။ ဒါတွေကို သုံးစွဲသူတွေအတွက် ရှုပ်ထွေးမှုမရှိဘဲ အလွယ်တကူ စိတ်ကြိုက် ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

WavePay အသုံးပြုသူတွေ အနေနဲ့ WavePay အကောင့်အချင်းချင်း ငွေလွှဲတဲ့အခါမှာ အခမဲ့ ငွေလွှဲနိုင်မှာဖြစ်သလို ရိုးမဘဏ်၊ CB ဘက်နဲ့ KBZ ဘဏ်တွေမှာလည်း အကောင့်အတွင်းကို အလွယ်တကူ အခမဲ့ ငွေသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုးမဘဏ် SMART အကောင့် ကိုင်ဆောင်ထားသူတွေ အနေနဲ့  WavePay အကောင့်တွေကို ဘဏ်သွားဖို့မလိုဘဲ အွန်လိုင်းကနေပဲ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ရိုးမဘဏ် SMART အကောင့်မှ WavePay အကောင့်ကိုလည်းကောင်း၊ WavePay အကောင့်မှ ရိုးမဘဏ် SMART အကောင့်ကို လည်းကောင်း ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို အွန်လိုင်းကနေ အလွယ်တကူ လုပ်ဆောင်နိုင်နေတာကလည်း သုံးစွဲသူတွေကို အလွန်ပင် အဆင်ပြေစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ရိုးမဘဏ် SMART အကောင့်နဲ့ WavePay အကောင့်အကြား အွန်လိုင်းက​နေတစ်ဆင့် ငွေလွှဲပြောင်းနိုင်တဲ့ ဝန်ဆောင်မှုကို ယခုနှစ် ဇူလိုင်လက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခမဲ့ ဝန်ဆောင်မှုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကောင့်နှစ်ခု ချိတ်ဆက်ခြင်း အတွက် ရိုးမဘဏ် SMART အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းကို ပေးပို့လာမယ့် တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အသုံးပြုပြီး ဒီဂျစ်တယ်နည်းနဲ့ပဲ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် စိတ်ချလုံခြုံတဲ့ စနစ်နဲ့ လုံခြုံစွာ ငွေလွှဲနိုင်မှာပဲဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းကပ်ရောဂါဖြစ်နေတဲ့အချိန် stay home ကာလအတွင်းမှာ အိမ်မှာနေရင်း အခုလို မိုဘိုင်းငွေလွှဲဝန်ဆောင်မှု အသုံးပြုနေတာနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမှ မသဲသဲ က “WavePay ကို ကိုယ်ပိုင်အကောင့် လုပ်ထားတယ်။ အရင်တုန်းကတော့ Level 1 ဆိုပြီးပဲ လုပ်ထားတယ်။ နောက်ပိုင်းကျတော့ လုပ်ငန်းအတွက် လိုအပ်လာတာနဲ့ Level 2 အဆင့်ကို မြှင့်လိုက်တယ်။ သူကတော့ မှတ်ပုံတင်လိုအပ်တယ်။ အခုတော့ ငွေလွှဲတာတွေတော်တော်များများနဲ့ ဖုန်းဘေလ်ဝယ်တာကို တော်တော်လေး လုပ်ဖြစ်တယ်။ AEON လို ချေးငွေတွေကိုလည်း အလွယ်တကူ ဒီကနေပဲ သွင်းလို့ရနေတော့ တော်တော်လေး အဆင်ပြေတယ်။ သူ့ကို သဘောကျတာက App ကို Log-in ဝင်ထားတယ်။ ကိုယ်က ဖုန်းဘေလ်ဖြည့်မှာပဲဖြစ်ဖြစ်၊ ငွေလွှဲတာပဲဖြစ်ဖြစ် ငွေပမာဏရိုက်ပြီး တန်းလွှဲလို့မရဘူး။ ကိုယ်တစ်ယောက်တည်းသိတဲ့ ကိုယ့် WavePay အကောင့်ရဲ့  PIN နံပါတ်ကို ရိုက်ထည့်ပြီးမှ လွှဲလိုရတယ်။ PIN နံပါတ်ထည့်တာမှန်မှ လုပ်ဆောင်ချက်က အသက်ဝင်တာမျိုးပေါ့။ ဒီလို လုပ်ပေးထားတော့ ကိုယ့်ဖုန်းက ပျောက်တာပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ကျန်ခဲ့တာပဲဖြစ်ဖြစ် တခြားသူက တွေ့ရင်တောင် ဘာမှ လုပ်လို့မရဘူး။ အဲ့လုံခြုံရေးလုပ်ဆောင်ချက်လေး သဘောကျနေတာနဲ့ ဆက်ပြီး အသုံးပြုဖြစ်နေတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

WavePay အကောင့်ထဲကို ငွေသွင်းဖို့အတွက် မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ Wave Money ဆိုင်ပေါင်း ၆၄,၀၀၀ ကျော် မှာ အခမဲ့ ငွေသွင်းနိုင်မှာဖြစ်ပါတယ်။

လက်ရှိ ကပ်ရောဂါဖြစ်နေတဲ့ အချိန်ကာလမှာလည်း stay home နေရင်း ငွေလွှဲဝန်ဆောင်မှုတွေနဲ့ ငွေပေးချေခြင်းတွေကို WavePay App အသုံးပြုရင်း ရှောင်ရှားနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။