State of Decay 2

[ Zawgyi ]

State of Decay ကို ကစားဖူးသူေတြ အမ်ားႀကီးရွိမယ္လို႔ ထင္ပါတယ္။ သူထြက္ကတည္းက ျပည္တြင္းမွာေရာ ကမၻာတစ္လႊားမွာပါ ေအာင္ျမင္လူႀကိဳက္မ်ားခဲ့တဲ့ ဂိမ္းျဖစ္ၿပီး ပထမဂိမ္းမွာ အားနည္းခ်က္က ကစားႏိုင္မႈ အခန္းနည္းတယ္၊ ပတ္ဝန္းက်င္ ဖန္တီးမႈက ဆင္ေနတယ္၊ ရန္သူေတြက သာအားေကာင္းလာတယ္ပတ္ဝန္းက်င္ အေနအထားက သိပ္ေျပာင္းမသြားလို႔ ကစားသူေတြက နည္းနည္း႐ိုးတယ္လို႔ ေဝဖန္ခံခဲ့ရတယ္ေလ။ အခုဒီဂိမ္းမွာ ပတ္ဝန္းက်င္အသစ္ ထည့္သြင္း ဖန္တီးထားမႈက အားရစရာပါ။ ဂိမ္းဆုိတာကလည္းအျပင္ လက္ေတြ႕ ဘဝမွာလိုပဲ မိမိမသိတဲ့ေနရာမွာ ကစားရမွ စိတ္လႈပ္ရွားမႈ အျပည့္ရွိၿပီး ေပ်ာ္စရာ ေကာင္းမွာကိုဗ်။ Microsoft Studios ကိုယ္တိုင္ကေနေတာင္ အခုဂိမ္းကို တာဝန္ယူ ျဖန္႔ခ်ိလာတာပါ။ ၂၀၁၃ ခုႏွစ္က ထြက္ရွိခဲ့တဲ့ State of Decay ထက္ အခန္းတစ္ခန္းခ်င္းစီ ကစားရမႈလည္း ရွည္လ်ား ၾကာျမင့္ လာတယ္၊ ပတ္ဝန္းက်င္ အသစ္ဖန္တီးမႈလည္း အားေကာင္းလာၿပီး Xbox One နဲ႔ပါ ကစားႏုိင္ေအာင္ ထုတ္လုပ္လာလုိ႔ ႐ုပ္ထြက္လည္း သိသာေလာက္ေအာင္ တင္ထားတာ ေတြ႕ရပါတယ္။

Unreal Engine 4 ကို သံုးထားတဲ့ အခု State of Decay 2 က Wins စနစ္နဲ႔ရေပမယ့္ အားနည္းခ်က္က Wins 10 သံုး
ေမာ္ဒယ္ေတြနဲ႔ပဲရမွာျဖစ္လုိ႔ သူ႔ထက္နိမ့္တဲ့ Wins စနစ္သံုး ကြန္ပ်ဴတာေတြနဲ႔ေတာ့ ကစားလုိ႔မရပါဘူး။ တိုက္ခိုက္ေရး သီးသန္႔
မဟုတ္ဘဲ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ နယ္ေျမမွာလူသား လက္က်န္ အဖြဲ႕ဝင္ ၄ ဦးအေနနဲ႔  ရွင္သန္ႏုိင္ေအာင္ ေျပးလႊားေက်ာ္ျဖတ္ ရမွပါ။ Single အေနနဲ႔လည္း ကစားႏုိင္ၿပီး ဂိမ္းထဲမွာပါရွိတဲ့ လူသား ၄ ေယာက္ထဲက က်န္တဲ့ ၃ ေယာက္ကို AI စနစ္က လုိက္ကစားေပးပါလိမ့္မယ္။ Multi အေနနဲ႔လည္း ကစားႏုိင္ၿပီး စုစုေပါင္း ၄ ေယာက္ထိေအာင္ ကစားႏုိင္မွာပါ။ Wins သမားေတြ အတြက္ကေတာ့ LAN ခ်ိတ္ထားမွ အဖြဲ႕လိုက္ ကစားႏုိင္မွာျဖစ္လုိ႔ ေသခ်ာတာတစ္ခုက ကြန္ပ်ဴတာသမားအမ်ားစုက Single အေန
နဲ႔ပဲကစား ျဖစ္ၾကပါလိမ့္မယ္။

ေရွ႕ထြက္ဂိမ္းထက္ ပတ္ဝန္းက်င္အသစ္ ထည့္သြင္းထားတာကလြဲရင္ အခု Decay 2 မွာ သိသာေလာက္တ့ဲ ဇာတ္ေကာင္ေတြရဲ႕ စြမ္းရည္ တိုးျမႇင့္ထားမႈေတြ၊ ရန္သူေတြရဲ႕ တိုက္ခိုက္မႈ အင္အားတိုးထားတာ ေတြ မေတြ႕ရပါဘူး။ ေသြးစုပ္ဖုတ္ေကာင္ ပံုစံအသစ္ နည္းနည္း ထပ္ထည့္ထားၿပီးေနာက္ပိုင္း အခန္းေတြမွာ ရင္ဆိုင္ရပါလိမ့္မယ္။ သူတို႔က ေတာ့ Decay 1 မွာ မေတြ႕ဖူးတဲ့ ပံုစံေတြျဖစ္ၿပီး သူတို႔ရဲ႕ စြမ္းေဆာင္ရည္က နည္းနည္းပိုျမင့္ပါတယ္။ ဒါေပမဲ့ အသစ္အဆန္းကို စိန္ေခၚခ်င္သူေတြအတြက္ကေတာ့ သေဘာက်စရာပါ။ အခန္းတစ္ခန္းခ်င္းစီပံုစံ ပတ္ဝန္းက်င္အသစ္ ထပ္ျဖည့္ထားတာလည္း ေတြ႕ရၿပီး ၿမိဳ႕တြင္းလမ္းတစ္ခုစီ ပံုစံဘယ္ေနရာကို ဝင္ဝင္ပံုစံသစ္နဲ႔ ရန္သူေတြကို ရင္ဆိုင္ေတြ႕ ရမွာမို႔ ၿမိဳ႕ထဲမွာ မိမိလြတ္ေျမာက္ေရးအတြက္ သြားလာရင္းမ်က္စိမလည္ဖုိ႔၊ အဖြဲ႕လိုက္ ေက်ာ္ျဖတ္ႏုိင္ဖို႔ေတြလည္း လိုအပ္ပါတယ္။

Game Informer လို သံုးသပ္သူေတြက Decay 1 ကို ေတာင္ ၁၀ မွတ္မွာ ၅ မွတ္ပဲ ေပးခဲ့ေပမယ့္ အခု 2 ကိုေတာ့ ၆ မွတ္ခြဲ ေပးလာပါတယ္။ IGN ကလည္း ၁၀ မွတ္အတြက္ ၇ မွတ္ခြဲအထိေအာင္ ေပးလာၿပီး ႐ုပ္ထြက္ ေကာင္းတယ္၊ မ႐ိုးရေအာင္ ကစားလာေစႏုိင္တယ္၊ ဆန္းသစ္ႏုိင္မႈ ေကာင္းတယ္လုိ႔ မွတ္ခ်က္ေတြ ေပးထားပါတယ္။ ဒါေပမဲ့ တစ္ခုေတာ့ ရွိေနပါတယ္။
ႏိုင္ငံတကာမွာ အခုဂိမ္းေခြကို ေဒၚလာ ၃၀ နဲ႔ ေရာင္းေနလို႔ ေစ်းႏႈန္းအရ လူႀကိဳက္မ်ားမႈ နည္းသြားႏုိင္တာရယ္၊ ျပည္တြင္းမွာ လူတိုင္းလက္လွမ္း မီပါ့မလားဆိုတာ တစ္ခုရယ္ပဲ ေတြးစရာရွိၿပီး က်န္တဲ့စိန္ေခၚကစားရမႈ အပိုင္းကေတာ့ အေကာင္းဆံုးျဖစ္ေအာင္ ဖန္တီးထုတ္လုပ္လာတဲ့ ဂိမ္းသစ္လို႔ ဆိုခ်င္ပါတယ္။

– သက္ႏုိင္ဦး (UCSL)

==========

[ Unicode ]

State of Decay 2

==========

State of Decay ကို ကစားဖူးသူတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ သူထွက်ကတည်းက ပြည်တွင်းမှာရော ကမ္ဘာတစ်လွှားမှာပါ အောင်မြင်လူကြိုက်များခဲ့တဲ့ ဂိမ်းဖြစ်ပြီး ပထမဂိမ်းမှာ အားနည်းချက်က ကစားနိုင်မှု အခန်းနည်းတယ်၊ ပတ်ဝန်းကျင် ဖန်တီးမှုက ဆင်နေတယ်၊ ရန်သူတွေက သာအားကောင်းလာတယ်ပတ်ဝန်းကျင် အနေအထားက သိပ်ပြောင်းမသွားလို့ ကစားသူတွေက နည်းနည်းရိုးတယ်လို့ ဝေဖန်ခံခဲ့ရတယ်လေ။ အခုဒီဂိမ်းမှာ ပတ်ဝန်းကျင်အသစ် ထည့်သွင်း ဖန်တီးထားမှုက အားရစရာပါ။ ဂိမ်းဆိုတာကလည်းအပြင် လက်တွေ့ ဘဝမှာလိုပဲ မိမိမသိတဲ့နေရာမှာ ကစားရမှ စိတ်လှုပ်ရှားမှု အပြည့်ရှိပြီး ပျော်စရာ ကောင်းမှာကိုဗျ။ Microsoft Studios ကိုယ်တိုင်ကနေတောင် အခုဂိမ်းကို တာဝန်ယူ ဖြန့်ချိလာတာပါ။ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ State of Decay ထက် အခန်းတစ်ခန်းချင်းစီ ကစားရမှုလည်း ရှည်လျား ကြာမြင့် လာတယ်၊ ပတ်ဝန်းကျင် အသစ်ဖန်တီးမှုလည်း အားကောင်းလာပြီး Xbox One နဲ့ပါ ကစားနိုင်အောင် ထုတ်လုပ်လာလို့ ရုပ်ထွက်လည်း သိသာလောက်အောင် တင်ထားတာ တွေ့ရပါတယ်။

Unreal Engine 4 ကို သုံးထားတဲ့ အခု State of Decay 2 က Wins စနစ်နဲ့ရပေမယ့် အားနည်းချက်က Wins 10 သုံး
မော်ဒယ်တွေနဲ့ပဲရမှာဖြစ်လို့ သူ့ထက်နိမ့်တဲ့ Wins စနစ်သုံး ကွန်ပျူတာတွေနဲ့တော့ ကစားလို့မရပါဘူး။ တိုက်ခိုက်ရေး သီးသန့်
မဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်တွေရဲ့ နယ်မြေမှာလူသား လက်ကျန် အဖွဲ့ဝင် ၄ ဦးအနေနဲ့ ရှင်သန်နိုင်အောင် ပြေးလွှားကျော်ဖြတ် ရမှပါ။ Single အနေနဲ့လည်း ကစားနိုင်ပြီး ဂိမ်းထဲမှာပါရှိတဲ့ လူသား ၄ ယောက်ထဲက ကျန်တဲ့ ၃ ယောက်ကို AI စနစ်က လိုက်ကစားပေးပါလိမ့်မယ်။ Multi အနေနဲ့လည်း ကစားနိုင်ပြီး စုစုပေါင်း ၄ ယောက်ထိအောင် ကစားနိုင်မှာပါ။ Wins သမားတွေ အတွက်ကတော့ LAN ချိတ်ထားမှ အဖွဲ့လိုက် ကစားနိုင်မှာဖြစ်လို့ သေချာတာတစ်ခုက ကွန်ပျူတာသမားအများစုက Single အနေ
နဲ့ပဲကစား ဖြစ်ကြပါလိမ့်မယ်။

ရှေ့ထွက်ဂိမ်းထက် ပတ်ဝန်းကျင်အသစ် ထည့်သွင်းထားတာကလွဲရင် အခု Decay 2 မှာ သိသာလောက်တဲ့ ဇာတ်ကောင်တွေရဲ့ စွမ်းရည် တိုးမြှင့်ထားမှုတွေ၊ ရန်သူတွေရဲ့ တိုက်ခိုက်မှု အင်အားတိုးထားတာ တွေ မတွေ့ရပါဘူး။ သွေးစုပ်ဖုတ်ကောင် ပုံစံအသစ် နည်းနည်း ထပ်ထည့်ထားပြီးနောက်ပိုင်း အခန်းတွေမှာ ရင်ဆိုင်ရပါလိမ့်မယ်။ သူတို့က တော့ Decay 1 မှာ မတွေ့ဖူးတဲ့ ပုံစံတွေဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်က နည်းနည်းပိုမြင့်ပါတယ်။ ဒါပေမဲ့ အသစ်အဆန်းကို စိန်ခေါ်ချင်သူတွေအတွက်ကတော့ သဘောကျစရာပါ။ အခန်းတစ်ခန်းချင်းစီပုံစံ ပတ်ဝန်းကျင်အသစ် ထပ်ဖြည့်ထားတာလည်း တွေ့ရပြီး မြို့တွင်းလမ်းတစ်ခုစီ ပုံစံဘယ်နေရာကို ဝင်ဝင်ပုံစံသစ်နဲ့ ရန်သူတွေကို ရင်ဆိုင်တွေ့ ရမှာမို့ မြို့ထဲမှာ မိမိလွတ်မြောက်ရေးအတွက် သွားလာရင်းမျက်စိမလည်ဖို့၊ အဖွဲ့လိုက် ကျော်ဖြတ်နိုင်ဖို့တွေလည်း လိုအပ်ပါတယ်။

Game Informer လို သုံးသပ်သူတွေက Decay 1 ကို တောင် ၁၀ မှတ်မှာ ၅ မှတ်ပဲ ပေးခဲ့ပေမယ့် အခု 2 ကိုတော့ ၆ မှတ်ခွဲ ပေးလာပါတယ်။ IGN ကလည်း ၁၀ မှတ်အတွက် ရ မှတ်ခွဲအထိအောင် ပေးလာပြီး ရုပ်ထွက် ကောင်းတယ်၊ မရိုးရအောင် ကစားလာစေနိုင်တယ်၊ ဆန်းသစ်နိုင်မှု ကောင်းတယ်လို့ မှတ်ချက်တွေ ပေးထားပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိနေပါတယ်။
နိုင်ငံတကာမှာ အခုဂိမ်းခွေကို ဒေါ်လာ ၃၀ နဲ့ ရောင်းနေလို့ စျေးနှုန်းအရ လူကြိုက်များမှု နည်းသွားနိုင်တာရယ်၊ ပြည်တွင်းမှာ လူတိုင်းလက်လှမ်း မီပါ့မလားဆိုတာ တစ်ခုရယ်ပဲ တွေးစရာရှိပြီး ကျန်တဲ့စိန်ခေါ်ကစားရမှု အပိုင်းကတော့ အကောင်းဆုံးဖြစ်အောင် ဖန်တီးထုတ်လုပ်လာတဲ့ ဂိမ်းသစ်လို့ ဆိုချင်ပါတယ်။

– သက်နိုင်ဦး (UCSL)