Startup Israel 2018 ၿပိဳင္ပြဲပါဝင္ယွဥ္ၿပိဳင္ႏိုင္

[ Zawgyi ]

အစၥေရးႏိုင္ငံရဲ႕အေထာက္အပံ့နဲ႔ Israel Startup ပြဲေတာ္ကို တစ္ပတ္ၾကာတက္ေရာက္ခြင့္ရရွိမယ့္ Startup Israel 2018 ၿပိဳင္ပြဲက်င္းပမယ္လို႔ သိရပါတယ္။

အခုႏွစ္ၿပိဳင္ပြဲအတြက္ အသက္ ကန္႔သတ္ထားတာမရွိေၾကာင္းေတြ႕ရပါတယ္။ ကုမၸဏီသက္တမ္း သံုးႏွစ္ထက္မပိုပါက ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း၊ ပါဝင္ယွဥ္ၿပိဳင္သူအေနနဲ႔ ကုမၸဏီတည္ေထာင္သူ ဒါမွမဟုတ္ ကုမၸဏီရဲ႕ CEO, MD, GM ျဖစ္ရမယ္လုိ႔ သတ္မွတ္ထားေၾကာင္း သိရပါတယ္။ အိုင္စီတီနည္းပညာကိုအသံုးျပဳလ်က္ရွိတဲ့ IT Industry မွ စိတ္ပါ၀င္စားတဲ့ Enterpreneur မ်ား၊ Startup မ်ား ၀င္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲ၀င္အမ်ိဳးအစား သံုးမ်ိဳးခြဲျခားထားၿပီး ေနထိုင္မႈအဆင့္အတန္း Quality of life ကို အေထာက္အကူျပဳ တိုးတက္ေစႏိုင္တဲ့ လူေနမႈဘဝ ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ဆိုင္တဲ့ Application မ်ားနဲ႔ ၿမိဳ႕ျပဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ သက္ဆိုင္တဲ့ ဆန္းသစ္တီထြင္မႈ Application မ်ားနဲ႔ အျခားေသာ လူမႈစီးပြားဖြံ႔ၿဖိဳးမႈေတြရရွိႏိုင္မယ့္ Application မ်ားပါဝင္ႏိုင္တယ္လို႔ သိရပါတယ္။

အေကာင္းဆံုးရရွိသူ တစ္ဦးအေနနဲ႔ အစၥေရးႏိုင္ငံရဲ႕ အေထာက္အပံ့နဲ႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွာ အစၥေရးႏိုင္ငံမွာ က်င္းပမယ့္ Israel Startup ပြဲေတာ္ကို ရက္သတၱပတ္ တက္ေရာက္ခြင့္ရရွိမွာျဖစ္ၿပီး ဒုတိယဆုအျဖစ္ ေဒၚလာ ၄၀၀၊ တတိယဆုအျဖစ္ ေဒၚလာ ၂၀၀ ရရွိမယ္လို႔သိရပါတယ္။ ၿပိဳင္ပြဲ၀င္ေလွ်ာက္လႊာပံုစံကို mcf.org.mm နဲ႔ အီးေမးလ္ [email protected] ကို ဆက္သြယ္ ရယူႏိုင္ပါတယ္။ ၿပိဳင္ပြဲဝင္ပေရာဂ်က္အေၾကာင္း ရွင္းလင္းတင္ျပထားတဲ့ Video presentation ငါးမိနစ္စာခန္႔နဲ႔ ဇူလိုင္လ ၂၇ ရက္ ေနာက္ဆံုးထားကာ ျမန္မာႏိုင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္သို႔ ေပးပို႔ႏိုင္ၿပီး အဆင့္ေလးဆင့္နဲ႔ ေရြးခ်ယ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“လူငယ္ေတြကို ပါဝင္ယွဥ္ၿပိဳင္ေစခ်င္တာေၾကာင့္ အသက္ကန္႔သတ္ခ်က္မထားပါဘူး၊ တကၠသိုလ္အသီးသီးက ေက်ာင္းသူ ေက်ာင္းသားေလးေတြကိုလည္း ပါဝင္ယွဥ္ၿပိဳင္ေစခ်င္တာေၾကာင့္ ဖိတ္ေခၚထားပါတယ္” လို႔ ျမန္မာႏိုင္ငံ ကြန္ပ်ဳတာအသင္းခ်ဳပ္ ဒုတိယဥကၠ႒၊ ၿပိဳင္ပြဲက်င္းပေရး ေကာ္မတီဥကၠ႒ ေဒၚသန္းသန္းတင့္က ေျပာပါတယ္။

-ထြန္းထြန္း

[ Unicode ]

အစ္စရေးနိုင်ငံရဲ့အထောက်အပံ့နဲ့ Israel Startup ပွဲတော်ကို တစ်ပတ်ကြာတက်ရောက်ခွင့်ရရှိမယ့် Startup Israel 2018 ပြိုင်ပွဲကျင်းပမယ်လို့ သိရပါတယ်။

အခုနှစ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ထားတာမရှိကြောင်းတွေ့ရပါတယ်။ ကုမ္ပဏီသက်တမ်း သုံးနှစ်ထက်မပိုပါက ယှဉ်ပြိုင်နိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူအနေနဲ့ ကုမ္ပဏီတည်ထောင်သူ ဒါမှမဟုတ် ကုမ္ပဏီရဲ့ CEO, MD, GM ဖြစ်ရမယ်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ အိုင်စီတီနည်းပညာကိုအသုံးပြုလျက်ရှိတဲ့ IT Industry မှ စိတ်ပါ၀င်စားတဲ့ Enterpreneur များ၊ Startup များ ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အမျိုးအစား သုံးမျိုးခွဲခြားထားပြီး နေထိုင်မှုအဆင့်အတန်း Quality of life ကို အထောက်အကူပြု တိုးတက်စေနိုင်တဲ့ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ Application များနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်တဲ့ ဆန်းသစ်တီထွင်မှု Application များနဲ့ အခြားသော လူမှုစီးပွားဖွံ့ဖြိုးမှုတွေရရှိနိုင်မယ့် Application များပါဝင်နိုင်တယ်လို့ သိရပါတယ်။

အကောင်းဆုံးရရှိသူ တစ်ဦးအနေနဲ့ အစ္စရေးနိုင်ငံရဲ့ အထောက်အပံ့နဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ အစ္စရေးနိုင်ငံမှာ ကျင်းပမယ့် Israel Startup ပွဲတော်ကို ရက်သတ္တပတ် တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ဒုတိယဆုအဖြစ် ဒေါ်လာ ၄၀၀၊ တတိယဆုအဖြစ် ဒေါ်လာ ၂၀၀ ရရှိမယ်လို့သိရပါတယ်။ ပြိုင်ပွဲဝင်လျှောက်လွှာပုံစံကို mcf.org.mm နဲ့ အီးမေးလ် [email protected] ကို ဆက်သွယ် ရယူနိုင်ပါတယ်။ ပြိုင်ပွဲဝင်ပရောဂျက်အကြောင်း ရှင်းလင်းတင်ပြထားတဲ့ Video presentation ငါးမိနစ်စာခန့်နဲ့ ဇူလိုင်လ ၂၇ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်သို့ ပေးပို့နိုင်ပြီး အဆင့်လေးဆင့်နဲ့ ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“လူငယ်တွေကို ပါဝင်ယှဉ်ပြိုင်စေချင်တာကြောင့် အသက်ကန့်သတ်ချက်မထားပါဘူး၊ တက္ကသိုလ်အသီးသီးက ကျောင်းသူ ကျောင်းသားလေးတွေကိုလည်း ပါဝင်ယှဉ်ပြိုင်စေချင်တာကြောင့် ဖိတ်ခေါ်ထားပါတယ်” လို့ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောပါတယ်။

-ထွန်းထွန်း