Startup Israel 2018 ဆု C4UU အဖြဲ႔ရရွိ

[ Zawgyi ]

စြန္႔ဦးတီထြင္လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးတဲ့ Startup Israel 2018 ေနာက္ဆံုးအဆင့္ ဆုေပးပြဲကို ၾသဂုတ္ ၉ ရက္ (ဒီေန႔) MICT Park မွာက်င္းပခဲ့ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာအစၥေရးသံရံုးနဲ႔ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္(MCF) တို႔ ဦးစီးက်င္းပျပဳလုပ္ျခင္းျဖစ္ကာ ေနာက္ဆံုးအဆင့္ ေရြးခ်ယ္ခံရသူအေနနဲ႔ အစၥေရးႏိုင္ငံရဲ႕အေထာက္အ ပံ့နဲ႔ Israel Startup ပြဲေတာ္ကို တစ္ပတ္ၾကာ တက္ေရာက္ခြင့္ရမွာ ျဖစ္ေၾကာင္းသိရပါတယ္။ “ညီမတို႔အေနနဲ႔ ဝက္ဘ္ဆိုက္ ပလက္ေဖါင္း ပေရာဂ်က္နဲ႔ ဝင္ၿပိဳင္တာျဖစ္ပါတယ္၊ ညီမတို႔ရဲ႕ဝက္ဆိုက္ေပၚမွာ လုပ္ငန္းရွင္ေတြအေနနဲ ႔မိမိတို႔ရဲ စမ္းသပ္ထုတ္ကုန္ေတြကို စားသံုးသူဆီကို တိုက္႐ိုက္ပို႔ေဆာင္ေပးႏိုင္တဲ့ ဝန္ေဆာင္မႈကို ေပးသြားမွာပါ၊ ဝက္ဘ္ဆိုက္ကိုေတာ့ ေနာက္ထပ္ႏွစ္လေလာက္မွေနမွ အသံုးျပဳႏိုင္မွာပါ၊ ေလာေလာဆယ္ Browser ကေနဘဲ ဝက္ဘ္ဆိုက္ဆီ ဝင္ႏိုင္ဦးမွာပါ၊ စမတ္ဖုန္းအတြက္ အက္ပလီ ေကးရွင္းကိုလည္း ထုတ္သြားမွာျဖစ္သလို Android အတြက္ အရင္ထုတ္ေပးသြားမွာပါ” Startup Israel 2018 မွာ အေကာင္းဆံုးေရြးခ်ယ္ခံရသည့္ C4UU အဖြဲ႔ဝင္တစ္ဦးျဖစ္တဲ့ ေဒၚနမ္းခမ္းလီ က ေျပာပါတယ္။

ၿပိဳင္ပြဲကို အမ်ိဳးအစားသံုးမ်ိဳး ခြဲထားကာ ေနထိုင္မႈအဆင့္အတန္း (Qulity of Life) ကို အေထာက္အကူျပဳႏိုင္မယ့္ လူေနမႈဘဝဖြံ႔ၿဖိဳး တိုးတက္ေရးနဲ႔ဆိုင္တဲ့ Application ေတြ၊ ၿမိဳ႕ျပဖြံ႔ၿဖိဳးတိုး တက္မႈနဲ႔ သက္ဆိုင္တဲ့ ဆန္းသစ္တီထြင္မႈ Application နဲ႔အျခားေသာ လူမႈစီးပြားဖြံ႔ၿဖိဳးမႈေတြ ရရွိႏိုင္မယ့္ Application Projects ဗီဒီယိုေတြကို တင္ျပခဲ့ေၾကာင္း သိရပါတယ္။ အဲဒီၿပိဳင္ပြဲမွာ အေကာင္းဆံုး ရရွိတဲ့ အသင္းကို အစၥေရးႏို္္င္ငံရဲ႕အေထာက္အပံ့နဲ႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာမွာ အစၥေရးႏိုင္ငံမွာ ျပဳလုပ္မယ့္ Israel Startup ပြဲေတာ္ကို ရက္သတၱပတ္ တက္ေရာက္ခြင့္ရမွာျဖစ္ကာ ဒုတိဆုအျဖစ္ ေဒၚလာ ၄၀၀ နဲ႔ တတိယဆုအျဖစ္ ေဒၚလာ ၂၀၀ ကိုေပးအပ္ခဲ့ပါတယ္။

[foogallery id=”90292″]

-ေအာင္သက္ကို

[ Unicode ]

စွန့်ဦးတီထွင်လူငယ်တွေကို မြေတောင်မြှောက်ပေးတဲ့ Startup Israel 2018 နောက်ဆုံးအဆင့် ဆုပေးပွဲကို သြဂုတ် ၉ ရက် (ဒီနေ့) MICT Park မှာကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံရုံးနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF) တို့ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်ကာ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူအနေနဲ့ အစ္စရေးနိုင်ငံရဲ့အထောက်အ ပံ့နဲ့ Israel Startup ပွဲတော်ကို တစ်ပတ်ကြာ တက်ရောက်ခွင့်ရမှာ ဖြစ်ကြောင်းသိရပါတယ်။ “ညီမတို့အနေနဲ့ ဝက်ဘ်ဆိုက် ပလက်ဖေါင်း ပရောဂျက်နဲ့ ဝင်ပြိုင်တာဖြစ်ပါတယ်၊ ညီမတို့ရဲ့ဝက်ဆိုက်ပေါ်မှာ လုပ်ငန်းရှင်တွေအနေနဲ ့မိမိတို့ရဲ စမ်းသပ်ထုတ်ကုန်တွေကို စားသုံးသူဆီကို တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ ဝန်ဆောင်မှုကို ပေးသွားမှာပါ၊ ဝက်ဘ်ဆိုက်ကိုတော့ နောက်ထပ်နှစ်လလောက်မှနေမှ အသုံးပြုနိုင်မှာပါ၊ လောလောဆယ် Browser ကနေဘဲ ဝက်ဘ်ဆိုက်ဆီ ဝင်နိုင်ဦးမှာပါ၊ စမတ်ဖုန်းအတွက် အက်ပလီ ကေးရှင်းကိုလည်း ထုတ်သွားမှာဖြစ်သလို Android အတွက် အရင်ထုတ်ပေးသွားမှာပါ” Startup Israel 2018 မှာ အကောင်းဆုံးရွေးချယ်ခံရသည့် C4UU အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်နမ်းခမ်းလီ က ပြောပါတယ်။

ပြိုင်ပွဲကို အမျိုးအစားသုံးမျိုး ခွဲထားကာ နေထိုင်မှုအဆင့်အတန်း (Qulity of Life) ကို အထောက်အကူပြုနိုင်မယ့် လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနဲ့ဆိုင်တဲ့ Application တွေ၊ မြို့ပြဖွံ့ဖြိုးတိုး တက်မှုနဲ့ သက်ဆိုင်တဲ့ ဆန်းသစ်တီထွင်မှု Application နဲ့အခြားသော လူမှုစီးပွားဖွံ့ဖြိုးမှုတွေ ရရှိနိုင်မယ့် Application Projects ဗီဒီယိုတွေကို တင်ပြခဲ့ကြောင်း သိရပါတယ်။ အဲဒီပြိုင်ပွဲမှာ အကောင်းဆုံး ရရှိတဲ့ အသင်းကို အစ္စရေးနို််င်ငံရဲ့အထောက်အပံ့နဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ အစ္စရေးနိုင်ငံမှာ ပြုလုပ်မယ့် Israel Startup ပွဲတော်ကို ရက်သတ္တပတ် တက်ရောက်ခွင့်ရမှာဖြစ်ကာ ဒုတိဆုအဖြစ် ဒေါ်လာ ၄၀၀ နဲ့ တတိယဆုအဖြစ် ဒေါ်လာ ၂၀၀ ကိုပေးအပ်ခဲ့ပါတယ်။