Startup Challenge 2019 က်င္းပမည္

[ Zawgyi ]

ဖန္တီးရာမွ က်င္းပျပဳလုပ္မည့္ Startup Challenge 2019 ၿပိဳင္ပြဲကို ဇြန္ ၂၉ မွ ဇူလိုင္ ၇ ရက္အထိ ၉ ရက္ တိုင္တိုင္ ဖန္တီးရာ innovation lab မွာ က်င္းပသြားမယ္လို႔ သိရပါတယ္။

နည္းပညာဆိုင္ရာ စီးပြားေရးလုပ္ငန္းေတြကို ဦးေဆာင္ႏိုင္မယ့္ အစြမ္းအစျပည့္ဝေသာ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ေတြကို စုစည္းယွဥ္ၿပိဳင္ေစမယ့္ၿပိဳင္ပြဲျဖစ္တယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲမွာ Track အသီးသီးမွာ ဆုရရွိတဲ့ အသင္းေတြအေနနဲ႔ အေမရိကန္ေဒၚလာ ၂၅၀၀ စီ၊ first runner up ဆုရရွိတဲ့အသင္းေတြအေနနဲ႔ အေမရိကန္ေဒၚလာ ၁၅၀၀ စီနဲ႔ အလားအလာအေကာင္းဆုံး စီးပြားေရးလုပ္ငန္းဆုရရွိသူေတြဟာ အေမရိကန္ေဒၚလာ ၁၀၀၀ စီ ရရွိမွာျဖစ္ပါတယ္။ ဒ့ါအျပင္ အႏိုင္ရရွိတဲ့အသင္းေတြဟာ အေမရိကန္ေဒၚလာ ၂၀၀၀ နဲ႔ညီမွွ်တဲ့ AWS Credit နဲ႔ဖန္တီးရာမွာ ၃ လတာ ႐ုံးခန္းေနရာ အခမဲ့ ရရွိမွာျဖစ္ၿပီး ဖန္တီးရာရဲ႕ Pre-Accelerator Program ကို ဝင္ခြင့္ရရွိမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Startup Challenge မွာ ျမန္မာႏိုင္ငံမွာ အလားအလာရွိတဲ့ နည္းပညာစီးပြားေရးလုပ္ငန္း လုပ္ကိုင္ႏိုင္တဲ့ ေခါင္းစဥ္ေလးခု ပါဝင္မွာျဖစ္ပါတယ္။ ပါဝင္ယွဥ္ၿပိဳင္သူေတြအေနနဲ႔ Tech for Cities (ၿမိဳ႕ျပအတြက္နည္းပညာ)၊ Tech for Women Safety (အမ်ိဳးသမီးမ်ားလုံၿခဳံေရးအတြက္ နည္းပညာ)၊ Fintech (ေငြေၾကးဆိုင္ရာနည္းပညာ) နဲ႔ Tech for Farms ( စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာနည္းပညာ) ထဲကေန မိမိႏွစ္သက္ရာ ေခါင္းစဥ္ေအာက္မွ ပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲကို ဖန္တီးရာ Accelerator မွႀကီးမႉးက်င္းပၿပီး USAID, ADB ventures , KBZPay, Proximity Designs, Embassy of the Netherlands in Myanmar နဲ႔ LUX တို႔မွ ပံ့ပိုးကူညီေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

စီးပြားေရးလုပ္ငန္းအႀကံဉာဏ္မ်ားကို အေကာင္အထည္ေဖာ္ရန္အတြက္ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၂၀,၀၀၀ ေက်ာ္နဲ႔ မိမိလုပ္ငန္းကို ေဈးကြက္မိတ္ဆက္ႏိုင္သည္အထိ ပံ့ပိုးကူညီမႈေတြေပးမယ့္ အဆိုပါၿပိဳင္ပြဲ အတြက္ ေလွ်ာက္လႊာမ်ားစတင္ေခၚယူေနၿပီျဖစ္ပါတယ္။ Startup Challenge 2019 အေၾကာင္း အေသးစိတ္ သိရွိလိုပါက https://www.startupchallengemm.com/ မွာသြားေရာက္ၾကည့္ရႈႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

ဖန်တီးရာမှ ကျင်းပပြုလုပ်မည့် Startup Challenge 2019 ပြိုင်ပွဲကို ဇွန် ၂၉ မှ ဇူလိုင် ရ ရက်အထိ ၉ ရက် တိုင်တိုင် ဖန်တီးရာ innovation lab မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နိုင်မယ့် အစွမ်းအစပြည့်ဝသော စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို စုစည်းယှဉ်ပြိုင်စေမယ့်ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ Track အသီးသီးမှာ ဆုရရှိတဲ့ အသင်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၅၀၀ စီ၊ first runner up ဆုရရှိတဲ့အသင်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀ စီနဲ့ အလားအလာအကောင်းဆုံး စီးပွားရေးလုပ်ငန်းဆုရရှိသူတွေဟာ အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ရရှိမှာဖြစ်ပါတယ်။ ဒ့ါအပြင် အနိုင်ရရှိတဲ့အသင်းတွေဟာ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ညီမျှှတဲ့ AWS Credit နဲ့ဖန်တီးရာမှာ ၃ လတာ ရုံးခန်းနေရာ အခမဲ့ ရရှိမှာဖြစ်ပြီး ဖန်တီးရာရဲ့ Pre-Accelerator Program ကို ဝင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ Startup Challenge မှာ မြန်မာနိုင်ငံမှာ အလားအလာရှိတဲ့ နည်းပညာစီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်တဲ့ ခေါင်းစဉ်လေးခု ပါဝင်မှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ Tech for Cities (မြို့ပြအတွက်နည်းပညာ)၊ Tech for Women Safety (အမျိုးသမီးများလုံခြုံရေးအတွက် နည်းပညာ)၊ Fintech (ငွေကြေးဆိုင်ရာနည်းပညာ) နဲ့ Tech for Farms ( စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းပညာ) ထဲကနေ မိမိနှစ်သက်ရာ ခေါင်းစဉ်အောက်မှ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဖန်တီးရာ Accelerator မှကြီးမှူးကျင်းပပြီး USAID, ADB ventures , KBZPay, Proximity Designs, Embassy of the Netherlands in Myanmar နဲ့ LUX တို့မှ ပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်းအကြံဉာဏ်များကို အကောင်အထည်ဖော်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကျော်နဲ့ မိမိလုပ်ငန်းကို ဈေးကွက်မိတ်ဆက်နိုင်သည်အထိ ပံ့ပိုးကူညီမှုတွေပေးမယ့် အဆိုပါပြိုင်ပွဲ အတွက် လျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ Startup Challenge 2019 အကြောင်း အသေးစိတ် သိရှိလိုပါက https://www.startupchallengemm.com/ မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။