Starting a Learning Management System – Moodle အကြောင်း အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

Starting a Learning Management System – Moodle အကြောင်း အွန်လိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲ မှ ၃ နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်ကွန်ပျူဝာာတက္ကသိုလ် နဲ့ Vision to Motion Myanmar တို့က ပြုလုပ်တာဖြစ်ပြီး Learning Management System လို့ လူသိများတဲ့ သင်ကြားရေးအထောက်အကူပြုစနစ်တစ်ခုအကြောင်း ပြောကြားပေးမယ့် webinar တစ်ခု ပါဝင်ပြီး အဆိုပါ အစီအစဉ်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဒေါက်တာယုမွန်ဇော်က Course တစ်ခုအတွက် assignment များ quiz များဖန်တီးပုံ၊ Vision to Motion Myanmar မှ CEO ဦးအေးကျော်လှိုင်က How to build a performance and scalable moodle cluster အကြောင်းတွေ ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://cutt.ly/7jMmg6z မှာ ဝင်ရောက် စာရင်းပေးသွင်း တက်ရောက်နိုင်ပြီး Q&A ကဏ္ဍမှာလည်း ဝင်ရောက် ဆွေးနွေးမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««