STAR ACADEMY
[ Zawgyi ]
[ Unicode ]
STAR ACADEMY ဟာ မြန်မာနိုင်ငံရဲ့ ဟိုတယ်နှင့် ခရီးသွား လာရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ထင်ရှားတဲ့ Private Institute တစ်ခုဖြစ်ပါတယ်။ သင်တန်းကျောင်းကို ဟိုတယ်လုပ်ငန်း အတွေ့အကြုံနောက်ခံရှိတဲ့ လူငယ်အမျိုးသမီး စွန့်ဦးတီထွင်သူ ဒေါ်နေရည်အောင်က ၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ ဟိုတယ်လုပ်ငန်း အတွေ့အကြံုရှိသူတွေနဲ့ သင်ရိုးများရေးဆွပြီး လူငယ်လူရွယ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့တာ ယခုဆိုရင် (၁၃) နှစ်တာ ကာလအတွင်းမှာ သင်တန်းသားပေါင်း (၂၀,၀၀၀) ကျော် လေ့ကျင့်ပေးခဲ့တဲ့ အောင်မြင်စွာရပ်တည်နေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ စတင်ခဲ့စဉ်က STAR RESOURCES ACADEMY ဖြင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ယခု STAR ACADEMY အမည်ကို ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။
စတင်ခဲ့စဉ်က Certificate တန်းများသာရှိရာကနေ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ASEAN သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနိုင်ဖို့ ပြင်ဆင်ပြီးတဲ့နောက်မှာ Diploma သင်တန်းများအထိ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါတယ်။
STAR ACADEMY မှာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍမှာ အဓိက သင်ရိုးတွေဖြစ်တဲ့ Front Office Course ကို နိုင်ငံတကာ ဟိုတယ်ကြီးတွေ အားလုံးနီးပါး အသုံးပြုတဲ့ Opera System နဲ့ သင်ကြားလေ့ကျင့် သင်ကြားပေးပြီးတော့ Food & Beverage Operation Course နဲ့ အတူ Mixology Bar Tender Course, Barista Course, International Culinary Course, International Bakery & Pastry Course နဲ့ Housekeeping Operation Course တို့ကို လည်း Vocational Institute တစ်ခုဖြစ်တာနဲ့အညီ စာတွေ့လက်တွေ့ စနစ်တကျလေ့ကျင့် သင်ကြားပေးနေပါတယ်။
ဒါ့အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာနယ်ပယ်မှာ လူ့သားအရင်းမမြစ်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၊ ပြည်တွင်းနဲ့ ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ The Union of Myanmar Travel Association (UMTA) တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Introduction to Outbound Tour Leader Course ကိုလည်း နှစ်စဉ် ပုံမှန်ဖွင့်လှစ်နေပါတယ်။
ယခုအခါမှာတော့ London School of Business and Finance, Lincoln University College တို့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာ Diploma, Advanced Diploma, Degree, Master အဆင့်အထိ Hospitality Management ဘာသာရပ်များကို လေ့လာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော သင်တန်းကျောင်းဖြစ်လာခဲ့ပါတယ်။
မကြာမီမှာ Business Innovation Facility (BIF) အကူအညီနဲ့ မြန်မာ့ခရီးသွားလာရေး လုပ်ငန်းအတွက် အထောက်အကူပြုစေမယ့် Diploma in Inclusive Tourism Management သင်တန်းကို ဖွင့်လှစ်သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။
STAR ACADEMY မှာ ပုံမှန်သင်ရိုးများအပြင် ဟိုတယ်ကြီးများ၊ ဝန်ဆောင်မှုစီးပွားရေး လုပ်ငန်းကြီးများအတွက် သီးသန့်သင်တန်း များကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် အသစ်ဖွင့်လှစ်မယ့် ဟိုတယ်၊ စားသောက်ဆိုင်များကို အထွေထွေ အကြံပေးလုပ်ငန်းနှင့် ဟိုတယ်စီမံ ခန့်ခွဲရေးပိုင်းတွေကိုပါ လုပ်ကိုင်ပေးတဲ့ ၀န်ဆောင်မှုပါ ရှိနေပါတယ်။
အဲဒါတွေအပြင် STAR ACADEMY ရဲ့ သင်တန်းများကို မကြာ မကြာ Scholar ပေးခြင်းတို့ကို facebook page ဖြစ်တဲ့ StarAcademy.edu မှာ ဖော်ပြခေါ်ယူလေ့ရှိပါတယ်။