Stamford International University ၏ Online MBA Program အတွက် လျှောက်လွှာခေါ်ယူ

Covid -19 ကာလအတွင်း ဘွဲ့ရပြီးသူတွေအနေနဲ့ နိုင်ငံခြားတက္ကသိုလ် ပညာရေးသင်ကြားလေ့ကျင့်မှုတွေကို Stamford International University ရဲ့Home Based Learning ဖြစ်တဲ့Online MBA program နဲ့ MSI Overseas Education မှာ စတင်လျှောက်ထား သင်ယူနိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ ဘွဲ့ရပြီးသူတွေ အနေနဲ့ Stamford University ရဲ့ Master of Business Administration (MBA) တန်းကိုFull-Time (၁ နှစ် ) နဲ့ Part-Time (၁ နှစ်ခွဲ) ဆိုပြီး ရွေးချယ်တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်နဲ့ နိုဝင်ဘာ ကျောင်းဖွင့်ချိန် အတွက် Stamford Online MBA program လျှောက်ထားပါက ပညာသင်ဆု ၁၅ ရာခိုင်နှုန်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

MBA Program တက်ရောက်မယ့်သူတွေအနေနဲ့ “Elective Courses” တွေ ဖြစ်တဲ့ International Business Management, Entrepreneurship, Brand Communication, Digital Marketing စသည်ဖြင့် ဘာသာရပ်ခွဲ (၄) မျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်သင်ယူနိုင်ပြီး Assignment ပုံစံနဲ့ သင်ယူရမှာဖြစ်တဲ့အတွက် Course ပြီးဆုံးပါက ထိုင်းနိုင်ငံရှိ Stamford International University မှာDegree ကို မိမိကိုယ်တိုင် သွားယူရမှာ ဖြစ်ပါတယ်။

အွန်လိုင်းစနစ်ဖြင့်ဦးစွာ သင်ယူရမှာဖြစ်ပြီးCovid အခြေအနေတည်ငြိမ်တဲ့အခါ ထိုင်းနိုင်ငံရှိStamford International University မှာ သွားရောက် သင်ယူချင်သူတွေအတွက် Stamford University မှ “Visa documents” တွေကို စီစဉ်ပေး သွားမယ်လို့လည်း သိရပါတယ်။ Stamford International University တွင် Business ,Technology , Communication , Arts & Design တွေနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်ခွဲပေါင်းများစွာကို Bachelor Degree ရရှိသည်အထိ တက်ရောက်နိုင်ပြီး နောက်ဆုံး semester မှာ အလုပ်သင်ကာလတွေ ပါဝင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆၊ မန္တလေးရုံး ဖုန်း – ၀၉၉၇၆၀၅၈၆၂၆ နဲ့ ၀၉၄၀၂၅၁၇၅၄၉ ကို ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ