Stadia ဂိမ်းအဖွဲ့သစ်ကို ဦးဆောင်ဖို့ God of War စတူဒီယိုအကြီးအကဲဟောင်းကို Google ခန့်အပ်

Google အနေနဲ့ ကုမ္ပဏီအတွင်းက စတူဒီယိုအသစ်နဲ့အတူ ဂိမ်းဖွံ့ဖြိုးတိုးတက်မှုကို တိုးချဲ့ဖို့ ပြင်ဆင်နေတယ်လို့ Stadia Games နဲ့ Entertainment အကြီးအကဲ ဂျိတ်ရေမွန်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအဖွဲ့က Stadia cloud gaming ဝန်ဆောင်မှုအတွက် မူလဂိမ်းတွေ ထုတ်လုပ်မှာဖြစ်ပါတယ်။ Stadia အဖွဲ့ကို Sony အတွက် God of War ဂိမ်းတွေ ဖန်တီးပေးခဲ့တဲ့ Santa Monica Studio အကြီးအကဲဟောင်း ရှန်နွန်စတက်စတဲက ဦးဆောင်သွားမှာပါ။

“လော့အိန်ဂျလိစ်မြို့ Playa Vista စတူဒီယိုအသစ်က သီးသန့်ဂိမ်းတွေကို ထုတ်လုပ်သွားမှာပါ။ ဂိမ်းမှာ gameplay အသစ် အသုံးပြုထားပြီး လူများစွာနဲ့ အတူတကွ ကစားနိုင်အောင် ဖန်တီးထားတဲ့ နည်းလမ်းတွေနဲ့ ထူးခြားတဲ့ interaction မော်ဒယ်တွေကိုလည်း ရှာဖွေစူးစမ်းသွားမှာ ဖြစ်ပါတယ်” လို့ရေမွန်က ထုတ်ပြန်ခဲ့ပါတယ်။

ရှန်နွန်စတက်စဲအနေနဲ့ Stadis Games နဲ့ Entertainment အောက်က သီးခြားစတူဒီယို ၂ ခုထဲက တစ်ခုကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ အခြားစတူဒီယိုတစ်ခုက ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာ ရှိပါတယ်။ လော့အိန်ဂျလိစ်မြို့မှာ Blizzard Entertainment လိုမျိုး နာမည်ကျော် ဂိမ်းစတူဒီယိုတွေ ရှိသလို မွန်ထရီရယ်မြို့မှာလည်း Ubisoft နဲ့ Warner Bros လိုမျိုး နာမည်ကျော်ဂိမ်းကုမ္ပဏီတွေ ရှိပါတယ်။

စိုးထက်
Ref: TheVerge