Spotify Kids ကိုဖြန့်ချိ

Spotify ဟာ နေအိမ်မှာနေထိုင်တဲ့ ကလေးတွေအတွက် kids app ကိုဖြန့်ချိလိုက်ပါတယ်။

Spotify Kids ကို အမေရိကန်၊ ကနေဒါနဲ့ ပြင်သစ်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Spotify Kids မှာ ကြော်ငြာမပါဝင်ဘဲ Spotify Premium Family လစဉ်ကြေးပေးသွင်းသူတွေ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Spotify Kids မှာ ၃ နှစ်နဲ့အထက် ကလေးတွေအတွက် သင့်တော်တဲ့ content တွေပါဝင်လာပါတယ်။ Spotify ဟာ အောက်တိုဘာလတွင် Kids ကို အိုင်ယာလန်မှာ ပထမဆုံး ဖြန့်ချိခဲ့ပါတယ်။ နောက်ပိုင်း ထုတ်ကုန်ကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် beta အဆင့်မှာပဲ ရှိပါသေးတယ်။

Spotify Kids ကိုမိတ်ဆက်အပြီး ၅ လအတွင်း ကဏ္ဍအလိုက် သီချင်းပေါင်း ၈,၀၀၀ ကျော် ပါဝင်လာပါတယ်။ ဒေသတွင်း content ၅၀ ရာခိုင်နှုန်း ပါဝင်ပြီး စုစုပေါင်း အရေအတွက် ၃၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Spotify Kids မှာ audiobook တွေနဲ့ ဇာတ်လမ်းတွေ နာရီပေါင်း ၆၀ ကျော်စာ ပါဝင်သလို အိပ်ရာဝင်ပုံပြင်အပြင် သားချော့တေးတို့လည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: TheVerge