Spotify မှာ ဗီဒီယို podcast တွေပါဝင်လာ

Spotify ဟာ ဗီဒီယို podcast တွေကို ဝန်ဆောင်မှုထဲ ထည့်သွင်းလိုက်ပါတယ်။

Spotify မှာ podcast နားထောင်သူတွေက ဈေးကွက်အားလုံးအတွက် ဖြန့်ထားတဲ့ ဗီဒီယို podcast အနည်းငယ်ကိုလည်း ကြည့်နိုင်ပါပြီ။ Spotify က podcast တွေနားထောင်တဲ့အခါ ဆွေးနွေးသူတွေပါ မြင်နိုင်မယ့် အစီအစဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အစီအစဉ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Book Of Basketball 2.0
Fantasy Footballers
The Misfits Podcast
H3 Podcast
The Morning Toast
Higher Learning with Van Lathan & Rachel Lindsay
The Rooster Teeth Podcast
Spotify အနေနဲ့ Podcast ကြည့်သူက app ကို ထွက်ခွာတဲ့အခါလည်း သတိပေးသွားပါမယ်။ အသံကတော့ နောက်ခံမှာ ပေါ်နေပါမယ်။ နားထောင်သူတွေက offline အတွက် အသံကိုပဲ download လုပ်နိုင်ပါမယ်။

စိုးထက်
Ref: GSMArena