Spotify မှာစံချိန်အသစ် တင်နိုင်ခဲ့တဲ့ Drivers License သီချင်း

ဒစ်စနေကြယ်ပွင့်တစ်ဦး ဖြစ်တဲ့ အိုလီဗီယာရိုဒရီဂိုဟာ တရားဝင်ပွဲဦးထွက် ဆင်ဂယ်သီချင်း Drivers License သီချင်းကိုတော့ ဇန်ဝါရီ ၈ ရက်မှာ ဖြန့်ခဲ့ပါတယ်။ အဲဒီ သီချင်းဟာ သုံးရက်အကြးမှာ Spotify ရဲ့ တစ်ရက်တာ နားထောင်မှုအများဆုံး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

လူတွေက Spotify မှာ Drivers License သီချင်းကို တစ်ရက်အတွင်း အကြိမ်ရေ ၁၅ သန်း အထိ နားထောင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာတော့ Drive License သီချင်းကို တစ်ရက်အတွင်း နားထောင်တဲ့ အကြိမ်ရေ ၁၇ သန်းအထိ ရှိလာတာကြောင့် ကိုယ်ပိုင်စံချိန်ကို ပြန်လည် ချိုးဖျက်သွားခဲ့ပါတယ်။

 

တစ်နည်းဆိုရရင် Drivers License သီချင်းဟာ ကမ္ဘာပေါ်က နာမည်အကြီးဆုံးသီချင်း ဖြစ်နေပါပြီ။ သီချင်းသီဆိုသူ အိုလီဗီယာရိုဒရီဂိုကလည်း အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သီချင်းကတော့ အသည်းကွဲတာနဲ့ ပတ်သက်ပြီး ခံစားချက် ပြင်းပြစွာ သီဆိုထားတဲ့ power ballad ဖြစ်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««