Spotify နဲ႔ ပူးေပါင္းေဆာင္ရြက္မႈကို ေၾကညာလိုက္တဲ့ Samsung

[ Zawgyi ]

Samsung ဟာ အသစ္မိတ္ဆက္လိုက္တဲ့ Galaxy Home စမတ္စပီကာအတြက္ ေထာက္ပံ့မႈအပါအဝင္ Spotify နဲ႔ ကာလရွည္ ပူးေပါင္းေဆာင္ရြက္မယ့္အေၾကာင္းကို ေၾကညာလိုက္ပါတယ္။

အဆိုပါ ပူးေပါင္းေဆာင္ရြက္မႈအရ ဖုန္းေတြ၊ တီဗီေတြနဲ႔ စပီကာေတြအပါအဝင္ Samsung ထုတ္ကုန္အားလံုးမွာ Spotify ကို ေပါင္းစပ္ထည့္သြင္းသြားမွာ ျဖစ္ပါတယ္။

Spotify နဲ႔ Samsung account ေတြကို Samsung ရဲ႕ SmartThings app နဲ႔အတူ စမတ္အိမ္သံုးေပါင္းစပ္မႈအတြက္ ခ်ိတ္ဆက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Spotify ဟာ Bixby အတြက္ default music option ျဖစ္လာမွာ ျဖစ္တဲ့အတြက္ သံုးစြဲသူေတြက Bixby မွာ သီခ်င္းတစ္ပုဒ္ဖြင့္ခိုင္းတဲ့အခါ Bixby က Spotify ကေန ရွာေဖြေပးသြားမွာ ျဖစ္ပါတယ္။

ဒါဟာ ပူးေပါင္းေဆာင္ရြက္မႈကို စတင္႐ံုမွ်သာျဖစ္ေသးၿပီး အနာဂတ္မွာ လုပ္ေဆာင္ခ်က္ေတြကို ပိုမိုထည့္သြင္းသြားမယ္လို႔ Samsung နဲ႔ Spotify တို႔က ေျပာၾကားခဲ့ပါတယ္။

Ref: TheVerge

[ Unicode ]

Samsung ဟာ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Home စမတ်စပီကာအတွက် ထောက်ပံ့မှုအပါအဝင် Spotify နဲ့ ကာလရှည် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းကို ကြေညာလိုက်ပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအရ ဖုန်းတွေ၊ တီဗီတွေနဲ့ စပီကာတွေအပါအဝင် Samsung ထုတ်ကုန်အားလုံးမှာ Spotify ကို ပေါင်းစပ်ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Spotify နဲ့ Samsung account တွေကို Samsung ရဲ့ SmartThings app နဲ့အတူ စမတ်အိမ်သုံးပေါင်းစပ်မှုအတွက် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Spotify ဟာ Bixby အတွက် default music option ဖြစ်လာမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေက Bixby မှာ သီချင်းတစ်ပုဒ်ဖွင့်ခိုင်းတဲ့အခါ Bixby က Spotify ကနေ ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ပူးပေါင်းဆောင်ရွက်မှုကို စတင်ရုံမျှသာဖြစ်သေးပြီး အနာဂတ်မှာ လုပ်ဆောင်ချက်တွေကို ပိုမိုထည့်သွင်းသွားမယ်လို့ Samsung နဲ့ Spotify တို့က ပြောကြားခဲ့ပါတယ်။

Ref: TheVerge