[ Zawgyi ]
Boston Dynamics ကုမၸဏီရဲ႕ သက္ရွိပုံစံစက္႐ုပ္ေတြဟာ အင္တာနက္ေပၚကလူေတြ အံ့အားသင့္စရာ ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ အခုဆိုရင္ Boston Dynamics ဟာ Spot အမည္ရ ေျခ ၄ ေခ်ာင္းပါဝင္တဲ့ စက္႐ုပ္ကုမၸဏီရဲ႕ ပထမဆုံး စီးပြားျဖစ္ထုတ္ကုန္အျဖစ္ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။
လက္ရွိမွာ Spot ကုိ ကုန္ပစၥည္းပုိ႔ေဆာင္တာနဲ႔ ေျမတိုင္းတဲ့လုပ္ငန္း အပါအဝင္ ပတ္ဝန္းက်င္အမ်ိဳးမ်ိဳးမွာ စမ္းသပ္ေနတယ္လို႔ Boston Dynamics ရဲ႕မာ့တ္ေရးဘတ္ကေျပာခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ Spot ကို ဘယ္အခ်ိန္မွာ ေရာင္းခ်မယ္ဆိုတာ မေျပာေသးေပမယ့္ လအနည္းငယ္အတြင္း ထြက္လာႏို္င္တယ္လို႔ ေရးဘတ္က ေျပာထားပါတယ္။
“ကၽြန္ေတာ္တို႔ဟာ ဒီဇိုင္းအတြက္ ေနာက္ဆုံးအေျပာင္းအလဲတခ်ိဳ႕ ျပဳလုပ္ေနတာျဖစ္ၿပီး စက္႐ုပ္ကို မရပ္မနားစမ္းသပ္ေနပါတယ္” လို႔ အမႈေဆာင္အရာရွိခ်ဳပ္က ေျပာခဲ့ပါတယ္။
ေရးဘတ္ဟာ လက္စ္ဗီးဂတ္စ္မွာ ျပဳလုပ္ခဲ့တဲ့ Amazon ရဲ႕ Re:MARS ကြန္ဖရင့္ပြဲမွာ စက္႐ုပ္ေတြကို ျပသခဲ့ပါတယ္။ Amazon ရဲ႕ Re:MARS ပြဲဟာ အဆင့္ျမႇင့္စက္႐ုပ္၊ machine learning နဲ႔ အာကာသစူးစမ္းမႈ စီမံကိန္းေတြကုိ ျပသတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။ အဲဒီပြဲမွာ Boston Dynamics ဝန္ထမ္း ၂ ဦးက ျပန္လည္ျပင္ဆင္ထားတဲ့ gaming tablet ေတြနဲ႔ Spot စက္႐ုပ္တစ္စုံကို လူေတြၾကားထဲ ထိန္းေက်ာင္းျပခဲ့ပါတယ္။
Here’s @BostonDynamics’ SpotMini robot offering a very real dog a peace offering of a cuddly toy. Peace in our time ! pic.twitter.com/DCnGgexMD5
— James Vincent (@jjvincent) June 5, 2019
လူေတြအၾကား ေရပန္းစားခဲ့တဲ့ Boston Dynamics ဗီဒီယိုေတြမွာ ပါဝင္တဲ့ စက္႐ုပ္ေတြဟာ သန္႔ရွင္းသပ္ရပ္ၿပီး အလိုအေလ်ာက္ ထိန္းခ်ဳပ္ႏိုင္သလို လူသားထိန္းခ်ဳပ္မႈလည္း လိုအပ္ပါတယ္။ စက္႐ုပ္ေတြဟာ ပတ္ဝန္းက်င္မ်ားစြာမွာ အလိုအေလ်ာက္ သြားလာႏိုင္႐ုံမကဘဲ ပတ္ပတ္လည္က အေျခအေနကုိလည္း သိႏိုင္ပါတယ္။ ဒါ့အျပင္ ခက္ခဲတဲ့ေျမျပင္အေနအထားမွာ ဟန္ခ်က္ညီေအာင္ ထိန္းခ်ဳပ္ႏိုင္ၿပီး ကန္ေက်ာက္၊ တြန္းထိုးမႈကုိလည္း ႀကံ့ႀကံ႕ခံႏိုင္ပါတယ္။
-စိုးထက္
Ref: TheVerge
[ Unicode ]
Boston Dynamics ကုမ္ပဏီရဲ့ သက်ရှိပုံစံစက်ရုပ်တွေဟာ အင်တာနက်ပေါ်ကလူတွေ အံ့အားသင့်စရာ ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ အခုဆိုရင် Boston Dynamics ဟာ Spot အမည်ရ ခြေ ၄ ချောင်းပါဝင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ ပထမဆုံး စီးပွားဖြစ်ထုတ်ကုန်အဖြစ် ရောင်းချတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ Spot ကို ကုန်ပစ္စည်းပို့ဆောင်တာနဲ့ မြေတိုင်းတဲ့လုပ်ငန်း အပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးမှာ စမ်းသပ်နေတယ်လို့ Boston Dynamics ရဲ့မာ့တ်ရေးဘတ်ကပြောခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ Spot ကို ဘယ်အချိန်မှာ ရောင်းချမယ်ဆိုတာ မပြောသေးပေမယ့် လအနည်းငယ်အတွင်း ထွက်လာနို်င်တယ်လို့ ရေးဘတ်က ပြောထားပါတယ်။
“ကျွန်တော်တို့ဟာ ဒီဇိုင်းအတွက် နောက်ဆုံးအပြောင်းအလဲတချို့ ပြုလုပ်နေတာဖြစ်ပြီး စက်ရုပ်ကို မရပ်မနားစမ်းသပ်နေပါတယ်” လို့ အမှုဆောင်အရာရှိချုပ်က ပြောခဲ့ပါတယ်။
ရေးဘတ်ဟာ လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်ခဲ့တဲ့ Amazon ရဲ့ Re:MARS ကွန်ဖရင့်ပွဲမှာ စက်ရုပ်တွေကို ပြသခဲ့ပါတယ်။ Amazon ရဲ့ Re:MARS ပွဲဟာ အဆင့်မြှင့်စက်ရုပ်၊ machine learning နဲ့ အာကာသစူးစမ်းမှု စီမံကိန်းတွေကို ပြသတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ အဲဒီပွဲမှာ Boston Dynamics ဝန်ထမ်း ၂ ဦးက ပြန်လည်ပြင်ဆင်ထားတဲ့ gaming tablet တွေနဲ့ Spot စက်ရုပ်တစ်စုံကို လူတွေကြားထဲ ထိန်းကျောင်းပြခဲ့ပါတယ်။
လူတွေအကြား ရေပန်းစားခဲ့တဲ့ Boston Dynamics ဗီဒီယိုတွေမှာ ပါဝင်တဲ့ စက်ရုပ်တွေဟာ သန့်ရှင်းသပ်ရပ်ပြီး အလိုအလျောက် ထိန်းချုပ်နိုင်သလို လူသားထိန်းချုပ်မှုလည်း လိုအပ်ပါတယ်။ စက်ရုပ်တွေဟာ ပတ်ဝန်းကျင်များစွာမှာ အလိုအလျောက် သွားလာနိုင်ရုံမကဘဲ ပတ်ပတ်လည်က အခြေအနေကိုလည်း သိနိုင်ပါတယ်။ ဒါ့အပြင် ခက်ခဲတဲ့မြေပြင်အနေအထားမှာ ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ပြီး ကန်ကျောက်၊ တွန်းထိုးမှုကိုလည်း ကြံ့ကြံ့ခံနိုင်ပါတယ်။
စိုးထက်
Ref: TheVerge
Ref: TheVerge