Splinter Cell ဂိမ်းကို စီးရီးအဖြစ် ဖန်တီးမယ့် Netflix

Netflix နဲ့ Ubisoft ရဲ့ပထမဆုံးစီမံကိန်းကတော့ Splinter Cell ဂိမ်းစီးရီးကို အန်နီမေးရှင်းစီးရီးအဖြစ် ဖန်တီးဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Netflix က အပိုင်း ၁၆ ပိုင်းပါတဲ့ season ၂ခုပြသဖို့ သဘောတူညီထားတယ်လို့ Variety ကဖော်ပြခဲ့ပါတယ်။ John Wick ဇာတ်ညွှန်းရေးသားတဲ့ ဒဲရတ်ကိုစတ်က စီမံကိန်းကို ကြီးကြပ်ပါမယ်။ စီးရီးအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ တွမ်ကလန်စီ စာအုပ်စီးရီးတွေအပေါ် အခြေပြုထားတဲ့ Splinter Cell ဂိမ်းက ရေတပ် SEAL အဖွဲ့ဝင်ဟောင်း ဆမ်ဖစ်ရှားဆိုသူက NSA အတွက် မတူညီတဲ့ mission များစွာ လုပ်ကိုင်ရတဲ့အကြောင်း ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge