Spider-Man 3 ဇာတ်ကား ရိုက်ကူးရေး ဓာတ်ပုံ ထွက်ပေါ်လာ

Spider-Man 3 ဇာတ်ကား ရိုက်ကူးရေး ဓာတ်ပုံတစ်ပုံ ထွက်လာပါတယ်။ Spider-Man သရုပ်ဆောင် တွမ်ဟော်လန်က Spider-Man အပြာနဲ့ အနီဝတ်စုံ အပြင် PPE နှာခေါင်းစည်းတပ်ဆင်ပြီး COVID-19 ပျံ့နှံ့မှုကို ကာကွယ်ဖို့ ပုံနဲ့အတူ ဝေမျှခဲ့ပါတယ်။

အဲဒီ tweet မှာ “မျက်နှာဖုံးတပ်ပါ။ ကျနော်ဆို ၂ ခုတောင်တပ်ထားတယ်” လို့ တွမ်ဟော်လန်က Instagram ဓာတ်ပုံမှာလည်း ရေးသားထားပါတယ်။

အသစ်ထွက်လာမယ့် Spider-Man 3 ဇာတ်ကား အသေးစိတ်အချက်တွေ မသိရသေးပါဘူး။ ၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ Homecoming နဲ့ ၂၀၁၉ က Far From Home ဇာတ်ကားတွေရဲ့ အဆက် Spider-Man 3 ရိုက်ကူးမှုကို ဟော်လန်က အောက်တိုဘာလမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ https://bit.ly/2J7SJOX ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««