Spectre patch ကြောင့်ဖြစ်ပေါ်ခဲ့သော ပြဿနာများအတွက် software update တွေကို Microsoft ဖြန့်ချိ

Microsoft ဟာ Intel ကထုတ်လုပ်တဲ့ ချစ်ပ်တွေရဲ့ Spectre အားနည်းချက်ကို ပြင်ဆင်ပေးမယ့် patch ကို အခုလ အစောပိုင်းမှာ ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ Intel က ဖြန့်ချိထားတဲ့ patch တွေဟာ မမျှော်လင့်ဘဲ reboot နဲ့ အခြားပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ patch တွေ install ပြုလုပ်တာ ရပ်တန့်ထားဖို့ လွန်ခဲ့တဲ့တစ်ပတ်က Intel ကသတိပေးခဲ့ပါတယ်။ Intel ရဲ့ patch ကြောင့် ဖြစ်ပေါ်တဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ Microsoft က Windows 10 ထုတ်ကုန်အားလုံးအတွက် software update ကို ဖြန့်ချိခဲ့ပါတယ်။

Intel နဲ့ AMD ဒါမှမဟုတ် ARM ကထုတ်လုပ်ခဲ့တဲ့ ချစ်ပ်သန်းပေါင်းများစွာမှာ အရေးကြီး သတင်းအချက်အလက်တွေဖြစ်တဲ့ password တွေနဲ့ encryption keya တွေကို ဟက်ကာတွေက ရယူနိုင်တဲ့ အားနည်းချက်ရှိတယ်လို့ ဇန်နဝါရီလ အစောပိုင်းမှာ သုတေသီတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် Spectre အပြင် Meltdown လို့ခေါ်တဲ့ အလားတူ အားနည်းချက်လည်း ရှိတယ်လို့ သုတေသီတွေက ဖော်ထုတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ Intel နဲ့ AMD က ချစ်ပ်တွေအတွက် update အချို့ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ update တွေဟာ ကွန်ပျူတာစွမ်းဆောင်ရည် နှေးကွေးစေတာကြောင့် ဝေဖန်မှုတွေနဲ့ Intel ကြုံတွေ့ခဲ့ရပါတယ်။
Microsoft ရဲ့ update သစ်ဟာ Intel ရဲ့ဘဏ္ဍာရေးထုတ်ပြန်ချက် မတိုင်မီ ဇန်န၀ါရီ ၂၇ ရက်က ထွက်ရှိလာပြီး
အဲဒီ update တွေကို Windows Update catalog ကတစ်ဆင့် သုံးစွဲသူတွေ download ပြုလုပ်နိုင်ပါပြီ။ Spectre အတွက် patch နဲ့ပတ်သက်တဲ့ အခြေအနေတွေကို အသိပေးဖို့ သုံးစွဲသူကို Microsoft က တိုက်တွန်းထားပါတယ်။

စိုးထက်
Ref: CNET/BusinessInsider