SpaceX စမ်းသပ်ပျံသန်းမှုကို ထပ်မံပြုလုပ်မယ်လို့ အီလွန်မက်ပြော

SpaceX ဟာ ဒီတစ်ပတ်အတွင်း အင်္ဂါဂြိုဟ် ဒုံးပျံပစ်လွှတ်မှု ရှေ့ပြေးအစီအစဉ် စမ်းသပ်မှုကို ပြုလုပ်နိုင်တယ်လို့ တည်ထောင်သူနဲ့ အမှုဆောင် အီလွန်မက်က ပြောခဲ့ပါတယ်။

ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ပြင်ဆင်နေပြီလို့ twitter မှာ အီလွန်မက်က အသိပေးခဲ့ပါတယ်။ စမ်းသပ်မှုကို ဗုဒ္ဓဟူးနေ့ထက် နောက်မကျဘဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ SpaceX ဟာ Starship တစ်ခုကို တည်ဆောက်နေပါတယ်။ အဲဒီယာဉ်ပျံက အင်္ဂါဂြိုဟ်ပေါ် စူးစမ်းဖို့ ခရီးရှည်မှာ လူဒါဇင်ပေါင်းများစွာကို သယ်ဆောင်နိုင်ပါမယ်။

Starship ဟာ ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး ဒုံးပျံလို့ SpaceX ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Starship ရှေ့ပြေးပုံစံ နံပါတ် ၈ ဟာ အမြင့်ပေ ၅၀,၀၀၀ အထိ ပျံတက်နိုင်ခဲ့တယ်။

စိုးထက်
Ref: FoxBusiness

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««