Sony Xperia Z4

တန်ဖိုး – ကန်ဒေါ်လာ ရ၉၉.၉၆ (Amazon)

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ display နဲ့ဖြစ်သလို ဒီဇိုင်းပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီ အသုံးခံနိုင်မှု သက်တမ်းကလည်း စိတ်ကြိုက်ဖြစ်စေမယ့် tablet ဖြစ်ပါတယ်။

အားနည်းချက်

UI ပိုင်းကတော့ အရမ်းကြီး ကောင်းမွန်လှတာမျိုးကို တွေ့ရ မှာမဟုတ်ပါဘူး။ storage ကိုလည်း 32GB တစ်မျိုးထဲသာရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm Snapdragon 810 chip ကို အသုံးပြုထားပြီး RAM ကတော့ 3GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပ မာရှိတဲ့ storage ကို ထည့်သွင်း ပေးထားပါတယ်။ Storage ပမာဏများများအသုံးပြုချင်သူ တွေအတွက် SD card ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး 256GB အထိ အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Screen အရွယ်အစားကတော့ ၁၀.၁ လက် မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 2560 x 1600 ရှိမှာ ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 5.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ rear camera က 8.1 megapixels ရှိမှာဖြစ်ပြီး front camera ကတော့ 5.1 megapixels ရှိမှာဖြစ်ပါတယ်။ Li-Po 6,000 mAh ရှိတဲ့ Non-removable battery ကို အသုံးပြုပေးထားပါတယ်။ Fast battery charging စနစ်ကို ဒီ tablet မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««