Sony Xperia XZ3 တြင္ 48MP ကင္မရာ ပါဝင္ဖြယ္ရိွ

[Zawgyi]

Sony ရဲ႕ flagship ဖုန္းျဖစ္တဲ့ Xperia XZ3 ကို ၾသဂုတ္လကုန္မွာ က်င္းပမယ့္ IFA 2018 နည္းပညာျပပြဲမွာ ပြဲထုတ္မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေကာလာဟလသတင္းေတြကေတာ့ ဒီဟန္းဆက္ရဲ႕ ဒီဇိုင္းက ဒီႏွစ္အေစာပိုင္းက မိတ္ဆက္ခဲ့တဲ့ Xperia XZ2 နဲ႔ အလြန္ဆင္တူတယ္လို႔ ေဖာ္ျပထားပါတယ္။ မၾကာေသးခင္ကလည္း Xperia XZ3 မွာ ေက်ာဘက္ကင္မရာႏွစ္ခု ပါဝင္လာမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါေပမဲ့လည္း XZ3 မွာ ေက်ာဘက္ကင္မရာတစ္ခုတည္း ပါဝင္လာမယ္လို႔ benchmark တစ္ခုမွာ ေဖာ္ျပထားပါတယ္။

ေမာ္ဒယ္နံပါတ္ H8416 လို႔ေရးသားထားတဲ့ Sony စမတ္ဖုန္းတစ္မ်ိဳးဟာ GFXBench benchmarking ဆိုက္ေပၚမွာ ထြက္ေပၚလာပါတယ္။ အဲ့ဒီမွာ ဟန္းဆက္က Android 8.0 Oreo အသံုးျပဳထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ၅.၇ လက္မ display Full HD+ resolution (2160 x 1080 pixels) ပါဝင္တယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ဒါဟာ Sony H8416 မွာ 18:9 aspect ratio ပါဝင္လာမယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။


ဒီစမတ္ဖုန္းမွာ အသံုးျပဳထားတဲ့ ပ႐ိုဆက္ဆာက 2.7GHz octa-core processor ျဖစ္ပါတယ္။ Adreno 630 ပါဝင္တာေၾကာင့္ ဒါက Snapdragon 845 ျဖစ္တယ္လို႔ သိရပါတယ္။ ဒီ SoC ကို 6GB RAM/64GB storage နဲ႔ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။
ကင္မရာအေနနဲ႔ 47-megapixel ေက်ာဘက္ကင္မရာ ပါဝင္တယ္လို႔ GFXBench ရဲ႕စာရင္းမွာ ေဖာ္ျပထားပါတယ္။ အေရွ႕ဘက္ကင္မရာက 12-megapixel ပါ။ Sony ဟာ IMX586 48-megapixel sensor ကို မၾကာေသးခင္က ပြဲထုတ္မိတ္ဆက္ထားတာေၾကာင့္ Sony H8416 ေပၚက 47-megapixel sensor ဟာ အသစ္မိတ္ဆက္ထားတဲ့ Sony ကင္မရာ sensor ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

Sony ရဲ့ flagship ဖုန်းဖြစ်တဲ့ Xperia XZ3 ကို သြဂုတ်လကုန်မှာ ကျင်းပမယ့် IFA 2018 နည်းပညာပြပွဲမှာ ပွဲထုတ်မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ကောလာဟလသတင်းတွေကတော့ ဒီဟန်းဆက်ရဲ့ ဒီဇိုင်းက ဒီနှစ်အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ Xperia XZ2 နဲ့ အလွန်ဆင်တူတယ်လို့ ဖော်ပြထားပါတယ်။ မကြာသေးခင်ကလည်း Xperia XZ3 မှာ ကျောဘက်ကင်မရာနှစ်ခု ပါဝင်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း XZ3 မှာ ကျောဘက်ကင်မရာတစ်ခုတည်း ပါဝင်လာမယ်လို့ benchmark တစ်ခုမှာ ဖော်ပြထားပါတယ်။

မော်ဒယ်နံပါတ် H8416 လို့ရေးသားထားတဲ့ Sony စမတ်ဖုန်းတစ်မျိုးဟာ GFXBench benchmarking ဆိုက်ပေါ်မှာ ထွက်ပေါ်လာပါတယ်။ အဲ့ဒီမှာ ဟန်းဆက်က Android 8.0 Oreo အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။ ၅.၇ လက်မ display Full HD+ resolution (2160 x 1080 pixels) ပါဝင်တယ်လို့ ဖော်ပြထားတာကြောင့် ဒါဟာ Sony H8416 မှာ 18:9 aspect ratio ပါဝင်လာမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ အသုံးပြုထားတဲ့ ပရိုဆက်ဆာက 2.7GHz octa-core processor ဖြစ်ပါတယ်။ Adreno 630 ပါဝင်တာကြောင့် ဒါက Snapdragon 845 ဖြစ်တယ်လို့ သိရပါတယ်။ ဒီ SoC ကို 6GB RAM/64GB storage နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကင်မရာအနေနဲ့ 47-megapixel ကျောဘက်ကင်မရာ ပါဝင်တယ်လို့ GFXBench ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ အရှေ့ဘက်ကင်မရာက 12-megapixel ပါ။ Sony ဟာ IMX586 48-megapixel sensor ကို မကြာသေးခင်က ပွဲထုတ်မိတ်ဆက်ထားတာကြောင့် Sony H8416 ပေါ်က 47-megapixel sensor ဟာ အသစ်မိတ်ဆက်ထားတဲ့ Sony ကင်မရာ sensor ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Ref: GizmoChina

-နောင်နောင်