Sony Xperia XA2, XA2 Ultra နဲ့ L2 ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်လာ

Sony ဟာ လာမယ့် ရက်သတ္တပတ်အတွင်း ဘေးဘောင်သေးငယ်တဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းသစ်တွေကို CES ဒါမှမဟုတ် MWC ပြပွဲမှာ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် Sony Xperia XA2, XA2 Ultra နဲ့ L2 တို့ရဲ့ တရားဝင်ပုံလို့ ယူဆရတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Sony Xperia XA2, XA2 Ultra တို့ဟာ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ XA1 နဲ့ XA1 Ultra ထုတ်ကုန်တွေရဲ့ မျိုးဆက်သစ်စမတ်ဖုန်းတွေ ဖြစ်ပြီး L2 ကလည်း L1 ထုတ်ကုန်နေရာမှာ အစားထိုးသွားဖွယ်ရှိပါတယ်။

XA2 Ultra နဲ့ L2 စမတ်ဖုန်း ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့နှစ်ရက်လောက်က CAD schematics နဲ့ထွက်ပေါ်လာပါတယ်။ XA2 စမတ်ဖုန်း ဓာတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

XA2 မှာ ၅.၂ လက်မ 1080p touchscreen, Snapdragon 630 SoC အပြင် RAM 3GB နဲ့ storage 32GB တို့ ပါဝင်လာဖွယ်ရှိပါတယ်။ ကျောဘက်ကင်မရာမှာ 4K ဗီဒီယိုရိုက်ကူးမှုအပြင် 21 MP ပါဝင်လာနိုင်သလို selfie ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် 8 MP ကင်မရာပါဝင်လာဖွယ်ရှိပါတယ်။

XA2 Ultra မှာလည်း XA2 ရဲ့ chipset နဲ့ ကျောဘက်ကင်မရာကို အသုံးပြုထားဖွယ်ရှိပါတယ်။ မျက်နှာပြင်အရွယ်က ၆ လက်မ 1080p display နဲ့ ရှေ့ဘက်မှာ dual 16 MP selfie ကင်မရာကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဒါ့အပြင် RAM 4GB နဲ့ microSD ကတစ်ဆင့် 64GB အထိ storage တိုးချဲ့နိုင်ဖွယ်ရှိသလို XA2 နဲ့ XA2 Ultra မှာ Android Oreo ပါဝင်လာဖွယ်ရှိပါတယ်။

Xperia L2 မှာတော့ ၅.၂ လက်မ 720p touchscreen ပါဝင်လာနိုင်ပေမယ့် Android Nougat ပဲ အသုံးပြုထားဖွယ်ရှိပါတယ်။ Chipset အနေနဲ့ Snapdragon 630 ကိုပဲ အသုံးပြုနိုင်ခြေ ရှိပါတယ်။

အခုဟန်းဆက်တွေရဲ့ ဒီဇိုင်းတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Sony ကဖန်တီးနေတဲ့ ပုံစံတွေ ဖြစ်ပါတယ်။ Sony အနေနဲ့၂၀၁၈ ခုနှစ်မှာ ထွက်ရှိမယ့် အဓိကစမတ်ဖုန်းတွေမှာ သေးငယ်တဲ့ ဘေးဘောင်ဒီဇိုင်းနဲ့ 18:9 မျက်နှာတွေ အသုံးပြုဖို့ စီစဉ်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena