Sony Xperia 5 II အချက်အလက်တွေ ပေါက်ကြား

Sony ရဲ့ Xperia 5 II ဖုန်းကို စက်တင်ဘာ ၁၇ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖုန်းဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ဖုန်းရဲ့ Geekbench စမ်းသပ်ချက်တွေ ထွက်လာပြီး Snapdragon 865 နဲ့အတူ RAM 8GB နဲ့ Android 10 ကိုအသုံးပြုထားပါတယ်။

မော်ဒယ်နံပါတ်က Sony SO-52A ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် ဖော်ထုတ်သူ Evan Blass ကလည်း ဖုန်းပုံများစွာကို ထုတ်ပြန်ခဲ့ပါတယ်။ သရုပ်ဖော်ပုံတွေမှာ မျက်နှာပြင် ၆.၁ လက်မ FHD+ OLED display နဲ့အတူ 21:9 aspect ratio ပါဝင်လာပါတယ်။ ဒါ့အပြင် 120Hz refresh rate လည်းပါဝင်ကာ IP အဆင့်သတ်မှတ်ချက် ရရှိထားပြီး တီဗီနဲ့ မော်နီတာတို့နဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်ပါတယ်။

ဒါ့အပြင် ရှေ့ဘက်မှာ စပီကာတွေနဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်လာပါတယ်။ ကင်မရာပိုင်းကတော့ 12MP ကင်မရာနဲ့ Cinema Pro app ပါဝင်တဲ့အတွက် pararmeter ထိန်းချုပ်မှုနဲ့ အသေးစိတ် ရိုက်ကူးနိုင်ပါတယ်။ Xperia 5 II မှာတော့ F/1.7 အဓိက ကင်မရာနဲ့ 124 ဒီဂရီ ultrawide lens နဲ့ 70mm F/2.4 telephoto နဲ့အတူ 3x optical zoom တို့ပါဝင်လာပါတယ်။

ဖုန်းမှာ DualShock 4 ဂိမ်းခလုတ်နဲ့ ချိတ်ဆက်ပြီး PS4 ဂိမ်းနဲ့ Android ဂိမ်းတွေကို ကစားနိုင်ပါတယ်။ ဒါ့အပြင် Sony ကထုတ်တဲ့ kickstand ပါတဲ့ ထုတ်ကုန်ကို ဝယ်ယူနိုင်သလို Game Mode settings တွေလည်း ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««