Sony Xperia 5 II ဓာတ်ပုံထွက်ပေါ်လာ

၂၀၂၀ အတွင်း ထွက်ရှိမယ့် Sony Xperia 5 အရွယ် စမတ်ဖုန်း ဓာတ်ပုံကိုတော့ သတင်းအချက်အလက် ဖော်ထုတ်သူ Evan Blass က ဖော်ပြလိုက်ပါတယ်။ ဒီဇိုင်းကတော့ Xperia 1 II နဲ့ဆင်ပါတယ်။

Sony Xperia 5 II ကျောဘက်ကင်မရာမှာ ZEISS T* လိုဂို ပါဝင်လာပါတယ်။ Xperia 5 II ကင်မရာပိုင်းကတော့ 1 II နီးပါးလောက် ကောင်းမွန်ဖွယ်ရှိပါတယ်။

ဖုန်းရဲ့ဘေးဘက်မှာ shutter ခလုတ် ပါဝင်ပြီး 3.5mm နားကြပ်ပေါက်လည်း ပါဝင်နိုင်ပါတယ်။

မျက်နှာပြင်အရွယ်အစားကတော့ ၅.၆ လက်မ၊ ၅.၈ လက်မ တစ်ခုခု ဖြစ်နိုင်ပါတယ်။ Xperia 5 II ဟာ အသေးငယ်ဆုံး 5G ဖုန်းဖြစ်ပါတယ်။ မူလ Xperia 5 ဖုန်းကို IFA 2019 ပွဲမှာ ထုတ်ဖော်မိတ်ဆက်ပြသခဲ့ပါတယ်။ Sony အနေနဲ့ Xperia 5 II ဖုန်းကို ဒီနှစ် ပြုလုပ်မယ့် IFA ပွဲမှာ ပြသဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««