Sony Xperia 2 ရဲ့သတင်းထုတ်ပြန်ချက် ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာ

Sony အနေနဲ့ Xperia 1 နေရာဆက်ခံမယ့် ထုတ်ကုန်ကို မကြာခင်မိတ်ဆက်မယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။ အဲဒီထုတ်ကုန်ကို နောက်တစ်ပတ်မှ ပြုလုပ်မယ့် IFA Berlin မှာမိတ်ဆက်နိုင်ပါတယ်။ Xperia 2 ရဲ့ဓာတ်ပုံတွေကတော့ အွန်လိုင်းမှာထွက်ပေါ်နေပါတယ်။ Sony ရဲ့ Xperia 2 ရဲ့ကျောဘက်ကင်မရာက ကျောဘက် ဘယ်ဘက်ထောင့်မှာ ထားရှိတာတွေ့ရပါတယ်။

Sony အနေနဲ့ Xperia 2 ညာဘက်​ဘေးဘက်မှာ အသံ၊ ပါဝါနဲ့ ကင်မရာခလုတ်တွေကို နေရာချထားပြီး fingerprint reader ကိုလည်းထည့်သွင်းထားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဇူလိုင်ကအတွင်း Xperia 2 လို့ထင်ရတဲ့ ကောလာဟလသတင်းတချို့ထွက်ပေါ်ခဲ့ပါတယ်။ Xperia 2 (မော်ဒယ်နံပါတ် J8010) မှာရုပ်ထွက်အရည်အသွေး 3840x 1644 ပါဝင်ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အခြားကောလာဟလတွေကကတော့ Xperia 1R လို့အမည်ရတဲ့ ထုတ်ကုန်မှာ 5K မျက်နှာပြင် (5040x 2160 pixel) ပါဝင်မယ်လို့ ဖော်ပြနေကြပါတယ်။

စိုးထက်
Ref: GSMArena