Sony Xperia 1 III မှာ စွမ်းဆောင်ရည်မြင့် zoom lens ကင်မရာ ပါဝင်လာနိုင်

Sony ကနေ အသစ်ထွက်လာမယ့် flagship ဖုန်းမှာတော့ အလွန်စွမ်းဆောင်ရည်မြင့်တဲ့ zoom lens ပါဝင်လာမယ်လို့ OnLeaks ကဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် OnLeaks ကလည်း Sony Speria 1 III သရုပ်ဖော်ပုံတွေကို ဖြန့်လိုက်ပါတယ်။

Xperia 1 III ကျောဘက်ကင်မရာမှာ ပယ်ရီစကုပ် ပါဝင်လာပါတယ်။ အရင်ထွက်ခဲ့တဲ့ Xperia ဖုန်းတွေက telephoto lens တွေက optical zoom 2x ဒါမှမဟုတ် 3x ဖြစ်ပါတယ်။ အခုဖုန်းသစ်မှာ ပယ်ရီစကုပ် ပါလာရင်တော့ optical zoom က 5x ထက် ပိုမိုနိုင်ပြီး ရုပ်ပုံ အရည်အသွေးလည်း ကောင်းမွန်နိုင်ပါတယ်။ OnLeaks ဖော်ပြချက်အရ Xperia 1 III မှာတော့ 5G ပါဝင်လာပါမယ်။ ဒါပေမဲ့ အမေရိကန်မှာ ရောင်းချမယ့် Xperia 1 III ထုတ်ကုန်မှာပဲ 5G ထောက်ပံ့ဖွယ်ရှိပါတယ်။

Xperia 1 II ကတော့ Sony ပုံစံအတိုင်း အရိုးရှင်းဆုံး ဒီဇိုင်းနဲ့ ထွက်လာနိုင်ပါတယ်။ မျက်နှာပြင် ၆.၅ လက်မအရွယ် ဘေးဘောင်တွေက ပါးလွှာပြီး 21:9 aspect ratio ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် နားကြပ်ပေါက်လည်း ပါဝင်လာနိုင်သလို microSDXC ကတ်ပေါက်လည်း ပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««