Sony wireless speaker SRS-XB22

Bass အသံထွက်ပိုင်း အရည်အသွေးကောင်းမွန်သလို IP67 rated ဖြစ်တဲ့အတွက် ရေလုံဖုန်လုံတဲ့ Sony wireless speaker SRS-XB22 ဖြစ်ပါတယ်။

အသံထွက်ပိုင်းက LIVE SOUND, EXTRA BASS™, Standard စနစ်ဖြစ်ပြီး Satellite Speaker : 42mm ကိုအသုံးပြုထားလို့ အသံထွက်အားကောင်းမွန်ပါတယ်။ Bluetooth V4.2 ဖြစ်ပြီး NFC, Stereo Mini Jack (IN), micro USB စတဲ့ ချိတ်ဆက်မှုတွေလည်း ထောက်ပံ့ပေးထားပါတယ်။ Hands-Free Function ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီသက်တမ်းကတော့ Standard mode / lighting off ထားရင် ၁၂ နာရီအထိ အသုံးပြုနိုင်ပြီး Extra Bass mode / lighting on ထားမယ်ဆိုရင်တော့ ၁၀ နာရီမှ ၁၂ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရွယ်အစားက 8″ x 2 7/8″ x 2 3/4″ ဖြစ်ပြီး အလေးချိန်က 1.3lb သာ ရှိပါတယ်။

တန်ဖိုးက ၁၆၉,၀၀၀ ကျပ် ဖြစ်ပြီး Sony Showroom TMW Enterprise Limited ဖုန်း – ၀၉၄၂၂၉၉၉၉၆၃ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««