Sony NW-A55 Walkman Player

Sony original OS ကိုအသုံးပြုထားတဲ့ Sony NW-A55 Walkman Player ဖြစ်ပါတယ်။ Player ထဲမှာ Song effect တွေက 6 Band Equalizer , Linearizer ,Dynamic Normalizer, VPT, Clear Audio +, Clear Phase, Vinyl Processor တွေပါ၀င်သလို FM Tuner လည်းပါ၀င်ပါတယ်။ သီချင်းတွေကို Shuffle mode , Repeat mode , Selected range mode စတဲ့ အမျိုးအစားတွေနဲ့ ဖွင့်နိုင်မှာဖြစ်ပါတယ်။

အသံ Format တွေအနေနဲ့ Mp3 Format, WMA Format ,FLAC Format,WAV Format,AAC Format, HE-AAC Format, Apple Lossless Format (Mp4, M4A) တွေအပြင် MQA Format ကိုလဲဖွင့်နိုင်မှာဖြစ်ပါတယ်။TFT color display ကို LED အဖြူရောင် အသုံးပြုထားပါတယ်။ Headphone out ကို Stereo mini Jack အသုံးပြုထားပြီး 20-40000 Hz အထိ Frequency ပေးမှာဖြစ်ပါတယ်။ Built-in Rechargeable Lithium -Ion Battery ကိုအသုံးပြုထားပြီး အားအပြည့်သွင်းနိုင်ရန် ၄ နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။ Battery ကိုအားသွင်းဖို့ Power Source က USB Power Source ဖြစ်ပြီး Computer USB ကတစ်ဆင့် အားသွင်းနိုင်မှာဖြစ်ပါတယ်။MP3(128kbps) format ကို Ambient Sound Mode on ပြီး အသုံးပြုပါက နာရီ ၃၀ ၊ MP3(128kbps) format ကို Ambient Sound Mode off ပြီး အသုံးပြုပါက ၄၅ နာရီအထိ အသုံးပြုနိုင်ပါတယ်။ AAC(256kbps) format ကို Ambient Sound Mode on ပြီးအသုံးပြုပါက ၂၇ နာရီ အသုံးပြုနိုင်ပြီး AAC(256kbps) format ကို Ambient Sound Mode off ပြီး အသုံးပြုပါက ၃၉ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

FLAC format မှာ‌တော့ formatရဲ့ kHz/bit အပေါ်မှာ Ambient Mode ကိုအခြေခံပြီး ၂၀-၃၇ နာရီ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 16GB Micro SD /Micro SDHC /Micro SDXC တို့ကို storage media အနေနဲ့အသုံးပြုနိုင်ပါတယ်။အရောင်အနေနဲ့ ငါးမျိုး၀င်ရောက်ပါတယ်။ အရွယ်အစားကတော့ 55.7 x 97.3mmx 10.8mm ဖြစ်ပြီး 99g အလေးချိန်ရှိပါတယ်။

တန်ဖိုးက ၂၂၅,၀၀၀ ကျပ် ဖြစ်ပြီး Current Android TV Box Store (MDY) ဖုန်း – ၀၉ ၇၉ ၁၉ ၇၄၇၈၄ ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««