Sony Cyber-shot DSC-RX100 VII Digital Camera

အားသာချက်

ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ ကင်မရာဖြစ်ပါတယ်။ 1″ အရွယ်ရှိ Exmor RS BSI CMOS Sensor ပါဝင်ပါတယ်။ 20.1MP ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ZEISS Vario-Sonnar T*9 mm- 72mm ပါဝင်တဲ့အတွက် 35mm မြင်ကွင်းနဲ့ ဆိုရင် 24mm-200 mm မြင်ကွင်းမျိုး ရရှိမှာဖြစ်ပြီး နှစ်ဆဆွဲနိုင်ပါတယ်။ ISO အနေနဲ့ Auto, 100 to 12800 (Extended Mode:64 to 25600) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ Up to 20 fps အထိ ရရှိမှာဖြစ်ပါတယ်။ Video အနေနဲ့ UHD 4K (3840 x 2160) at 23.976p/25p/29.97p [60 to 100 Mb/s] အရည်အသွေး ရရှိနိုင်ပါတယ်။

2,359,296 Dot အရည်အသွေးရှိ OLED ကို ထောက်ပံ့ထားသလို ၃ လက်မအရွယ်ရှိပြီး 921,600 Dot အရည်အသွေးရှိတဲ့ 180° Tilting Touchscreen LCD ပါဝင်ပါတယ်။ Focus စနစ်မှာ မြန်ဆန်တဲ့ Fast Hybrid AF System ထောက်ပံ့ပေးထားပြီး 315 Phase-Detection Points အထိ ရရှိပါတယ်။ Wi-Fi & Bluetooth ပါဝင်တဲ့အတွက် စမတ်ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက် စေခိုင်းနိုင်သလို ရိုက်ပြီးသမျှပုံတွေ ကိုလည်း လူမှုကွန်ရက်ကို ချက်ချင်း တင်နိုင်မှာ ဖြစ်ပါတယ်။ Lens အနေနဲ့ Fixed Lens ဖြစ်ပြီး ဒီဇိုင်း 15Elements in 12 Groups ကို ထောက်ပံ့ပေးထားပါတယ်။ Aperture အနေနဲ့ အများဆုံး f/2.8 to 4.5 ဖွင့်ရိုက်နိုင်ပါတယ်။

အားနည်းချက်

Lens အနေနဲ့လည်း အဖြုတ်အတပ် လုပ်လို့မရတဲ့ Fixed Lens ဖြစ်သလို အပျော်တမ်းသမားအတွက် စျေးလည်း နည်းနည်းမြင့်တယ်လို့ ခံစားရပါတယ်။ သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်အရ ဘက်ထရီလည်း စားပုံရပါတယ်။

သုံးသပ်ချက်

အရွယ်အစားသေးငယ်ပြီး လုပ်ဆောင်ချက် ပြည့်စုံအောင် ပြုလုပ်ဖန်တီးထားတဲ့ ကင်မရာဖြစ်ပါတယ်။ Special Options အနေနဲ့ Panorama ထောက်ပံ့မှု ပါဝင်နေတာ အတော်အဆင်ပြေပါတယ်။ ဆယ်ဖီဝါသနာရှင်တွေအတွက်လည်း LCD တည်ဆောင်မှုက အထာကျပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။JPEG မှာ Up to 20 fps အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ Mechanical Shutter မှာ 1/2000 to 30 Second , Bulb Mode 1/2000 to 4 Second in Auto Mode အနေနဲ့လည်းကောင်း Electronic Shutterမှာ1/32000 to 30 Second ,1/32000 to 4 Second in Auto Mode အနေနဲ့လည်းကောင်း ရရှိမှာဖြစ်ပါတယ်။ Built-in Flash အနေနဲ့လည်း ထောက်ပံ့ပေးထားပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Auto, Manual, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater တွေပါဝင်ပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Center-Weighted, Highlight, Multi, Spot တို့ပါဝင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး SD/SDHC/SDXC/Memory Stick Duo Hybrid ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 921,600 Dot အရည်သွေးထွက် ၃ လက်မအရွယ်ရှိ 180° Tilting Touchscreen LCD နဲ့ 2,359,296 Dot အရည်အသွေးရှိ OLED ပါဝင်ပါတယ်။ ချိတ်ဆက်မှုအတွက် 3.5mm Microphone, HDMI D (Micro), USB Micro-B (USB 2.0), BT, WiFi စတာတွေ ပါဝင်ပါတယ်။ NP-BX1 Rechargeable Lithium-Ion, 3.6 VDC, 1240 mAh အမျိုးအစား ဘက်ထရီကို အသုံးပြုပါတယ်။ ကိုယ်ထည်အရွယ်အစား 101.6 x 58.1 x 42.8 mm ဖြစ်ပြီး အလေးချိန် 302 g ရှိပါတယ်။ Sony Showroom TMW Enterprise Limited ဖုန်း – ၀၉၄၂၂၉၉၉၉၆၃ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H