
Sony Alpha Roadshow ကို ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ Myanmar Plaza Promotion Area မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်ကို နံနက် ၉ နာရီမှ ည ၇ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပြီး Sony Camera နဲ့ lens တွေကို အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Sony Alpha Ambassadors တွေက Facebook live streaming လွှင့်မယ့် အစီအစဉ်တွေကို ပြပွဲရက် ညနေ ၅ နာရီမှ ၆ နာရီအထိ Sony Showroom by TMW Enterprise Limited Page ကနေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဓာတ်ပုံနဲ့ ဗီဒီယို ဝါသနာရှင်၊ ပညာရှင်များအတွက် Sony Camera နဲ့ Lens တွေ ကိုဝယ်ယူဖို့ Ambassadors တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
-ကျော်ဇေယျ
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««