Sony Alpha a9 II Mirrorless Digital Camera

တန်ဖိုး-USD4,498.00$

အားသာချက်

Sony Alpha a9 II Mirrorless ကင်မရာဖြစ်ပါတယ်။ 35.7 x 23.8 mm အရွယ်ရှိ Full-Frame Exmor RS BSI CMOS Sensor နဲ့ BIONZ X Image Processor & Front-End LSI ထောက်ပံ့
ပေးထားပါတယ်။ 24.2 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K30p Video အထိရိုက် ကူးနိုင်မှာပါ။ ဒီစျေးနှုန်းက ကိုယ်ထည်သီးသန့်သာဖြစ်ပါတယ်။ FPS အနေနဲ့ Up to 20 fps at 24.2 MP for up to 239 Exposures (Raw) မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

View Finder အနေနဲ့ 3.69m-dot အရည်အသွေးရှိ A Quad-VGA OLED Tru-Finder ထောက်ပံ့ပေးထားပါတယ် ၃ လက်မအရွယ်အစား Tilting Touchscreen ပါ၀င်ပြီး ၁၈၀ ဒီဂရီ လှည့်နိုင်သလိုထိတွေ့စေ ခိုင်းနိုင် မှာလည်း ဖြစ်ပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် 3.5mm Microphone, 3.5mm Headphone, HDMI D (Micro), USB Type-C (USB 3.1), X-Sync Socket တို့
ပါ၀င်ပါတယ်။ ကြိုးမဲ့အတွက် လည်း Wi-Fi စနစ်ကို ထည့်သွင်းပေးထားပါတယ်။ Focus ပိုင်းမှာ Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-Servo AF (S) တွေရရှိနိုင်ပြီး Auto Focus Point အနေနဲ့ Phase Detection: 693, &Contrast Detection: 425 ရရှိမှာဖြစ်ပါတယ်။ Sony E Mount ဖြစ်ပါတယ်။

အားနည်းချက်

Video ပိုင်းမှာ 4K အထိ ထောက်ပံ့ပေးထားပေမယ့် 4k နဲ့ရိုက်မယ်ဆိုရင် fps က 30 ပဲရတဲ့အတွက် နည်းပါတယ်။ GPS အနေနဲ့ ထောက်ပံ့ပေးထား ခြင်းလည်းမရှိပါဘူး။

သုံးသပ်ချက်

Dynamic Rang တွေ လည်း ပိုကောင်းလာပါတယ်။ Image Stabilization မှာ 5-axis SteadyShot INSIDE sensor-shift image stabilization ထည့်သွင်းထားတဲ့အတွက် ကင်မရာလှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ ပုံဝါးခြင်း ပြဿနာကိုပိုပြီး ဖြေရှင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Wildlife Photography သမားများ၊ သတင်း ဓာတ်ပုံပညာရှင်များနဲ့ ဓာတ်ပုံသမားတိုင်း သ ဘောကျနိုင်တဲ့ ကင်မရာဖြစ်ပါတယ်။ Megapixle အနေနဲ့လည်း နည်းပါးတဲ့အတွက် Lowlight အပိုင်းမှာ နိုင်နင်းမှာအသေအချာပါ။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG အပြင် RAWFile နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိ အသုံးပြု နိုင်ပါတယ်။ Shutter Speed အနေနဲ့1/8000 to 30 Second Bulb Mode, 1/8000 to 1/4 Second in Movie Mode အ ထိရရှိမှာဖြစ်ပါတယ်။ Built-in Flash အနေနဲ့ မပါ၀င်ပေမယ့် External Flash တပ်ဆင်နိုင်တဲ့ Hot Shoe တော့ပါ၀င်ပါတယ်။ Auto, Fill Flash, Hi-Speed Sync, Off, Rear Sync, Red-Eye Reduction, Slow Sync, Wireless စတာတွေလည်း အသုံးပြုနိုင်ပါတယ်။ ISO အနေနဲ့ Auto, 100 to 51200 (Extended: 50 to 204800) အထိ ရရှိနိုင်ပါတယ်။ Memory Card Slot အနေနဲ့ နှစ်ခုပါ၀င်ပြီး SD/SDHC/SDXC (UHS-II)ကတ်တွေ အသုံးပြုနိုင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Highlight
Weighted, Multiple, Spot စတာတွေ ထောက်ပံ့ပေးထားပါ တယ်။ White balance အ နေနဲ့လည်း Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ အပြည့်စုံပါ၀င်ပါတယ်။ 3.69m -dot အရည်အသွေးရှိ VGA OLED EVF Electronic Viewfinder ပါ၀င်ပြီး Screen Display အနေနဲ့ ၃ လက်မအရွယ်ရှိကာ 1.44m-dot အရည်အသွေးရှိ Tilting Touchscreen ကို ထောက်ပံ့ထားပါတယ်။ Battery အနေနဲ့ NP-FZ100 Rechargeable Lithium-Ion, 7.2 VDC, 2280 mAh ကို အသုံးပြုထားပြီး ရိုက်ချက်ပေါင်း ၅၀၀ 500 ဆက်တိုက် ရိုက်ကူး နိုင်မှာပါ။ အရွယ်အစားက 128.9 x 96.4 x 77.5 mm ဖြစ်ပြီး အလေးချိန်က 678g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H