Sony Alpha a7S III Mirrorless Digital Camera (Body Only)

အားသာချက်

ပြည်တွင်းဈေးကွက်မှာ Pre-order အနေနဲ့ မှာယူနိုင်ပြီဖြစ်တဲ့ Sony Alpha a7S III Mirrorless Camera ဖြစ်ပါတယ်။ 35.7 x 23.8 mm အရွယ်ရှိ Full-Frame Exmor RS BSI CMOS Sensor နဲ့ Processor အနေနဲ့ BIONZ XR Image Processor ထောက်ပံ့ပေးထားပါတယ်။ 12.1 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format , RAW File အပြင် HEIF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K 120p Video, 10-Bit 4:2:2 အထိ ရိုက်ကူးနိုင်မှာပါ။ FPS အနေနဲ့ Up to 10 fps at 12.1 MP for up to 1000 Frames (Raw) / 1000 Frames (JPEG) မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

View Finder အနေနဲ့ 9.44m-dot အရည်အသွေးရှိ QXGA OLED Tru-Finder EVF ထောက်ပံ့ပေးထားသလို ၃ လက်မအရွယ်ရှိ Articulating Touchscreen LCD ပါဝင်ပြီး ၁၈၀ ဒီကရီလှည့်နိုင်သလို ထိတွေ့စေခိုင်းနိုင်မှာပါ။ Live Streaming လုပ်ဆောင်နိုင်သလို Webcam Functionality ပါတဲ့အတွက် Webcam အနေနဲ့ တိုက်ရိုက် အသုံးချနိုင်မှာပါ။ ချိတ်ဆက်မှုပိုင်းအတွက် ပြီးပြည့်စုံစွာ ပါရှိပြီး ကြိုးမဲ့အတွက်လည်း Wi-Fi, BT စနစ်တွေကို ထည့်သွင်းထောက်ပံ့ပေးထားပါတယ်။ Focus ပိုင်းမှာ Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-Servo AF (S) တွေရရှိနိုင်ပြီး Auto Focus Point အနေနဲ့ Phase Detection: 759 , & Contrast Detection: 425 တွေ ရရှိမှာဖြစ်ပါတယ်။ Sony E Mount ဖြစ်ပါတယ်။

အားနည်းချက်

Megapixel နည်းပါးပါတယ်။ GPS အနေနဲ့ ထောက်ပံ့ပေးထားခြင်းလည်း မရှိပါဘူး။

သုံးသပ်ချက်

Dynamic Rang တွေပိုကောင်းလာသလို Image Stabilization မှာ 5-axis SteadyShot INSIDE sensor-shift image stabilization ထည့်သွင်း ထားတဲ့အတွက် ကင်မရာ လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ ပုံဝါးခြင်း ပြဿနာကို ပိုပြီး ဖြေရှင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Megapixel နည်းပါးတဲ့အတွက် ISO ကြောင့် Noise ထခြင်း အတော်နည်းပါးလာမှာ ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးမှု အပိုင်းမှာလည်း Recording Limit က Unlimited ဖြစ်တဲ့အတွက် ကတ်နဲ့ ဘက်ထရီမကုန်မခြင်း ဆက်တိုက် ရိုက်ကူးနိုင်တာက မက်လောက်စရာပါ။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG RAW File ရော HEIF နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ UHD 4K (3840 x 2160) at 23.976p/25p/29.97p/50p/59.94p/100p/119.88p [50 to 280 Mb/s] အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ 1/8000 to 30 Second Bulb Mode အထိ ရပါတယ်။ Bult-in Flash အနေနဲ့ မပါဝင်ပေမယ့် External Flash တပ်ဆင်နိုင်တဲ့ Hot Shoe တော့ပါဝင်ပါတယ်။ Auto, Fill Flash, Hi-Speed Sync, Off, Rear Sync, Red-Eye Reduction, Slow Sync စတာတွေကိုလဲ အသုံးပြုနိုင်မှာပါ။ ISO အနေနဲ့ Auto, 80 to 102400 (Extended: 40 to 409600) အထိ ရရှိနိုင်ပါတယ်။ Memory Card Slot အနေနဲ့ နှစ်ခုပါဝင်ပြီး CFexpress Type A / SD ကတ်တွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Highlight Weighted, Multiple, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Color Temperature Filter, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ အပြည့်အစုံ ပါဝင်ပါတယ်။ 9.44m-dot အရည်အသွေးရှိ QXGA OLED Tru-Finder EVF ပါဝင်ပြီး Screen Display အနေနဲ့ ၃ လက်မအရွယ်ရှိကာ 1.44m-dot အရည်အသွေးရှိ vari-angle articulating screen ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုအတွက် HDMI A (Full Size), USB Type-C (USB 3.2 Gen 1), USB Micro-B (USB 2.0), 3.5mm Microphone, 3.5mm Headphone, WiFi, BT စတာတွေပါဝင်ပါတယ်။ NP-FZ100 Rechargeable Lithium-Ion, 7.2 VDC, 2280 mAh ဘက်ထရီကို အသုံးပြုထားပြီး ရိုက်ချက်ပေါင်း ၆၀၀ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ အရွယ်အစားက 128.9 x 96.9 x 69.7 mm ဖြစ်ပြီး အလေးချိန် 614g ရှိပါတယ်။ ဈေးနှုန်းကိုတော့ မထုတ်ပြန်ရသေးပါဘူး။ Sony Showroom by TMW Enterprise Limited ဖုန်း -၀၉၉၇၉၀၀၂၀၄၆ ကနေ တရားဝင်တင်သွင်းတာ ဖြစ်ပြီး Preorder အနေနဲ့ ယူနိုင်ပြီဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community https://bit.ly/3glkUVG မှာချိတ်ဆက်ထားဖို့ လိုမယ်နော်