Sony Alpha a7C Mirrorless Digital Camera with 28-60mm Lens

တန်ဖိုး – ၂,၅၉၀,၀၀၀ ကျပ်(Body only)

အားသာချက်

ပြည်တွင်းစျေးကွက်မှာ Pre Order တင်ပြီး ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ SONY ALPHA A7C MIRRORLESS CAMERA ဖြစ်ပါတယ်။ 35.7 X 23.8 MM အရွယ်ရှိ Full-Frame EXMOR R BSI CMOS SENSOR ထောက်ပံ့ပေးထားပြီး BIONZ X IMAGE PROCESSOR အသုံးပြုထားပါတယ်။ 24.2 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG အပြင် RAW နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K30P Video with HLG အထိ ရိုက်ကူးနိုင်မှာပါ။ ဒီစျေးနှုန်းက ကိုယ်ထည်သီးသန့်စျေးသာ ဖြစ်ပါတယ်။ KIT အနေနဲ့ဆိုရင် 28-60MM Lens ပါဝင်ပြီး တစ်စျေးဖြစ်မှာပါ။ အဲဒါဆိုရင်တော့ စွယ်စုံသုံးနိုင်မယ့် FE 28-60MM F/4-5.6 Lens တစ်ပါတည်း ပါဝင်မှာပါ။ FPS အနေနဲ့ up to 10 FPS at 24.2 MP for up to 223 frames (JPEG) / 115 frames (RAW),up to 8 FPS AT 24.2 MP, up to 6 FPS AT 24.2 MP, UP TO 3 FPS AT 24.2 MP မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

View Finder အနေနဲ့ 20 mm အရွယ်ရှိ XGA OLED View finder ထောက်ပံ့ပေးထားသလို ၃ လက်မ အရွယ်ရှိ Articulating Touchscreen LCD ပါဝင်ကာ လှည့်လည် အသုံးပြုနိုင်သလို ထိတွေ့စေခိုင်းနိုင်မှာပါ။ ချိတ်ဆက်မှုအပိုင်း အတွက် USB Type-C (USB 3.2 Gen 1), HDMI D (Micro), 3.5mm Headphone, 3.5mm Microphone နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi & BT ကို ထည့်သွင်း ထောက်ပံ့ပေးထားပါတယ်။ Focus အပိုင်းမှာ Automatic (A), Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-Servo AF (S) တွေရရှိနိုင်မှာဖြစ်ပါတယ်။ Auto Focus Point အနေနဲ့ Phase Detection: 693 , & Contrast Detection: 425 တွေ ရရှိမှာဖြစ်ပါတယ်။ Sony E Mount ဖြစ်ပါတယ်။

အားနည်းချက်

ဗီဒီယိုအပိုင်းမှာ 4K အထိ ထောက်ပံ့ပေးထားပေမယ့် 4k နဲ့ ရိုက်မယ်ဆိုရင် fps က 30 ပဲရတဲ့အတွက် နည်းပါတယ်။ Mechanical Shutter ပိုင်းမှာလည်း 1/4000 to 30 Second အထိပဲ ထောက်ပံ့ပါရှိပါတယ်။ Card Slot အနေနဲ့လည်း တစ်ခုတည်းပဲ ပါဝင်တာပါ။

သုံးသပ်ချက်

Dynamic Rang တွေပိုကောင်းလာသလို 5-Axis SteadyShot Inside Image Stabilization ထည့်သွင်းထားတဲ့အတွက် ကင်မရာ လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ ပုံဝါးခြင်း ပြဿနာကို ပိုပြီးဖြေရှင်းနိုင်မှာလည်း ဖြစ်ပါတယ်။ ဗီဒီယိုပိုင်းမှာ ရိုက်ကူးရင် Recording Limit က Unlimited ဖြစ်လို့ မက်မောစရာ ဖြစ်ပါတယ်။ Full Frame Sensor ဖြစ်နေလျက်နဲ့ MP နည်းပါးတဲ့အတွက် Noise နိုင်နင်းမှု အား ပိုကောင်းလာနိုင်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ Mechanical Shutter မှာ 1/4000 to 30 Second ,Bulb Mode နဲ့ Electronic Shutter မှာဆိုရင်1/8000 to 30 Second Bulb Mode အထိ ရပါတယ်။ Built-in Flash အနေနဲ့ မပါဝင်ဘဲ External Flash တပ်ဆင်နိုင်မယ့် Hot Shoe ပဲပါဝင်မှာပါ။ Auto, Fill Flash, Hi-Speed Sync, Off, Rear Sync, Red-Eye Reduction, Slow Sync, Wireless စတာတွေလဲ အသုံးပြုနိုင်မှာပါ။ ISO အနေနဲ့ Auto, 100 to 51200 (Extended: 50 to 204800) အထိ ရရှိနိုင်ပါတယ်။ Memory Card Slot အနေနဲ့ တစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-II) ကတ်တွေ အသုံးပြုနိုင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Highlight Weighted, Multiple, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent, Incandescent, Shade, Underwater စတာတွေ ပြည့်စုံစွာ ပါဝင်ပါတယ်။ 2.36m-dot resolution အရည်အသွေးရှိတဲ့ XGA OLED Electronic Viewfinder နဲ့ ၃ လက်မအရွယ် ရှိပြီး 921.6k-dot အရည်အသွေးတဲ့ Articulating Touchscreen LCD Display တို့ပါဝင်ပါတယ်။ ဘက်ထရီကိုတော့ NP-FZ100 Rechargeable Lithium-Ion, 7.2 VDC, 2280 mAh ဘက်ထရီ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 124 x 71.1 x 59.7 mm ဖြစ်ပြီး အလေးချိန်က 509g ရှိပါတယ်။ Sony Showroom by TMW Enterprise Limited ဖုန်း – ၀၉၉၇၉၀၀၂၀၄၆ ကနေ တရားဝင် တင်သွင်းတာ ဖြစ်ပြီး Preorder စတင် မှာယူနိုင်ပြီ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««