Sony Alpha a6600 Mirrorless Digital Camera

တန်ဖိုး – USD1398$

အားသာချက်

Sony Alpha a6600 Mirrorless Camera ဖြစ်ပါတယ်။ 23.5 x 15.6 mm အရွယ်အစား APS-C ExmorCMOS Sensor နဲ့ဖြစ်ပြီး BIONZ X image processor ထောက်ပံ့ပေးထားပါတယ်။ 24.2 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို ကို UHD 4K30p Video with HLG & S-Log3 Gammas အထိ ရိုက်ကူးနိုင်မှာပါ။ ဓာတ်ပုံမှာ ISO Sensitivity – Auto, 100 to 32000 (Extended: 100 to 102400) စွမ်းဆောင်နိုင်မှာပါ။ ဒီစျေးနှုန်းက Body Only စျေးဖြစ်ပါတယ်။ JPEG File အတွက် Frame per second 11fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

Viewfinder အနေနဲ့ XGA Tru-Finder 2.36m-Dot OLED EVF ထောက်ပံ့ပေးထားပါတယ်။ 3″ အရွယ်ရှိ 180° Tilting Touchscreen ပါ၀င်ပြီး ၁၈၀ ဒီဂရီလှည့်နို်င်သလို ထိတွေ့စေခိုင်းနိုင်မှာပါ။ ချိတ်ဆက်မှုပိုင်းအ တွက် 3.5mm Headphone, 3.5mm Microphone, HDMI D (Micro), Micro-B (USB 2.0) တို့ ပါ၀င်ပါတယ်။ ကြိုးမဲ့အတွက် NFC, Wi-Fi& Bluetooth စနစ်တွေထည့်သွင်း ထောက်ပံံ့ပေးထားပါတယ်။ Screen ကို မိမိဘက်အထိ ပြန် လှည့်နိုင်တဲ့အတွက် Selfie ၀ါသနာရှင်တွေအတွက် မိမိအနေအထားကို မိမိစိတ်ကြိုက် ပြင်နိုင်မှာပါ။ Focus ပိုင်းမှာ Automatic (A), Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-servo AF (S) တွေရရှိနိုင်ပြီး Point အနေနဲ့ 425 Phase- & Contrast-Detect AF Points ရရှိမှာဖြစ်ပါတယ်။

အားနည်းချက်

Video ပိုင်းမှာ 4K အထိ ထောက်ပံ့ပေးထားပေမယ့် fps က 30 ပဲရတဲ့အတွက် နည်းပါတယ်။

သုံးသပ်ချက်

စျေးနှုန်းအနေနဲ့က ဓာတ်ပုံ၀ါသနာရှင်တိုင်း လက်လှမ်းမှီနိုင်တဲ့ စျေးဖြစ်ဖြစ်ပြီး Focus ဖြတ်နှုန်း မြန်ဆန်တဲ့အတွက် Street Photographer တွေပါ သဘောကျစေမှာပါ။ Feature တွေ စုံလင်လှပြီး Pro ဆန်ဆန်ကိုင်တွယ် အသုံးပြုနိုင်မယ့် တန်ဖိုးသင့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိအသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 30” ကနေ 1 / 4000 အထိရပါတယ်။ Bult-in Flash အနေနဲ့ ပါ၀င်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်း ပါ၀င်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Auto, Manual, Program, Shutter Priority တို့ကိုရွေးချယ်အသုံးပြု နိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multi-Zone, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ အပြည့်စုံ ပါ၀င်ပါတယ်။ 2.36m-Dot အရည်အသွေးရှိ XGA Tru-Finder OLED EVF Electronic Viewfinder ပါ၀င်ပါတယ်။Screen Display က ၃ လက်မအရွယ်ရှိပြီး 921.6k-Dot အရည်အသွေးရှိ 180° Tilting Touchscreen ကို ထောက်ပံ့ပေးထား ပါတယ်။ NP-FZ100 Rechargeable Lithium-Ion, 7.2 VDC, 2280 mAh Battery ကိုထည့်သွင်းအသုံးပြုထားပြီး အား အ ပြည့် သွင်းထားရင် ရိုက်ချက် ၈၁၀ ၀န်းကျင်ရမှာပါ။ အရွယ်အစား က 4.72 x 2.63 x 2.73″ / 120 x 66.9 x 69.3 mm ဖြစ်ပြီး အလေးချိန်က 503g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H