Sony Alpha a6600 Mirrorless Digital Camera

တန်ဖိုး – ၂,၀၉၀,၀၀၀ ကျပ်

အားသာချက်

ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Sony Alpha a6600 Mirrorless Camera ဖြစ်ပါတယ်။ 23.5 x 15.6 mm အရွယ်ရှိ APS-C (1.5x Crop Factor) , Exmor CMOS Sensor BIONZ X image processor ထောက်ပံ့ပေးထားပါတယ်။ 24.2 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K30p Video with HLG & S-Log3 Gammas အထိ ရိုက်ကူးနိုင်မှာပါ။ ဓာတ်ပုံအတွက် ISO Sensitivity – Auto, 100 to 32000 (Extended: 100 to 102400) စွမ်းဆောင်နိုင်ပါတယ်။ JPEG File အတွက်ကိုတော့ Frame per second 11fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

Viewfinder အတွက် XGA Tru-Finder 2,359,296 Dot အရည်အသွေးရှိ OLED EVF ထောက်ပံ့ပေးထားပါတယ်။ ၃ လက်မအရွယ်အစား 921.6k-dot အရည်အသွေးရှိ 180° Tilting Touchscreen ပါဝင်ပြီး ၁၈၀ ဒီဂရီလှည့်နိုင် သလိုထိတွေ့စေခိုင်းနိုင်မှာလည်းဖြစ်ပါတယ်။ ချိတ်ဆက်မှုအတွက် 3.5mm Headphone, 3.5mm Microphone, HDMI D (Micro) အပြင် USB Micro-B (USB 2.0) နဲ့ ပါချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi နဲ့ Bluetooth စနစ်တွေထောက်ပံ့ပေးထားပါတယ်။ စကရင်ကို မိမိဘက်အထိ ပြန်လှည့်နိုင်တဲ့အတွက် Selfie ဝါသနာရှင်တွေအနေနဲ့ မိမိအနေအထားကို စိတ်ကြိုက်ပြင်နိုင်မှာဖြစ်ပါတယ်။

Focus ပိုင်းမှာ Automatic (A), Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-Servo AF (S) တို့ ရရှိနိုင်ပြီး Point အနေနဲ့ 425 Phase- & Contrast-Detect AF Points ရရှိမှာဖြစ်ပါတယ်။

အားနည်းချက်

ဗီဒီယိုပိုင်းမှာ 4K အထိထောက်ပံ့ပေးထားပေမယ့် fps က 30 ပဲရတဲ့အတွက် နည်းပါတယ်။

သုံးသပ်ချက်

ဗီဒီယိုရိုက်ကူးရယူမှုအပိုင်းမှာ Recording Limit သတ်မှတ်ထားခြင်းမရှိပါဘူး။ Slow & Quick Motion ရိုက်မှုတွေအတွက်လည်း အားသာပါတယ်။ Focus ဖြတ်နှုန်း မြန်ဆန်တဲ့အတွက် Street Photographer တွေပါ သဘောကျစေမှာပါ။ လုပ်ဆောင်ချက်စုံလင်ပြီး Pro ဆန်ဆန်ကိုင်တွယ် အသုံးပြုနိုင်မယ့် တန်ဖိုးသင့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ UHD 4K30p Video with HLG & S-Log3 Gammas အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ Mechanical Shutter မှာ 1/4000 to 30 Second , Bulb Mode, 1/4000 to 1/4 Second in Movie Mode အထိ ရရှိမှာဖြစ်ပါတယ်။ Built-in Flash ပါဝင်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်း ပါဝင်ပါတယ်။ Card slot အနေနဲ့ တစ်ခုသာပါဝင်ပြီး SD/SDHC/SDXC/Memory Stick Duo Hybrid (UHS-I) ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Auto, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multi-Zone, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ အပြည့်အစုံပါဝင်ပါတယ်။ 2,359,296 Dot အရည်အသွေးရှိ XGA Tru-Finder OLED EVF Electronic Viewfinder ပါဝင်ပြီး Screen Display ကိုတော့ ၃ လက်မအရွယ်ရှိတဲ့ 921.6k-Dot အရည်အသွေးနဲ့ 180° Tilting Touchscreen ကို ထောက်ပံ့ထားပါတယ်။ Battery အတွက် NP-FZ100 Rechargeable Lithium-Ion, 7.2 VDC, 2280 mAh အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ရိုက်ချက် (၈၁၀) ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။ အရွယ်အစားက 120 x 66.9 x 69.3 mm ဖြစ်ပြီး အလေးချိန် 503g ရှိပါတယ်။ Sony Showroom ဖုန်း ၀၉၉၇၉၀၀၂၀၄၆ မှာဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««