Sony Alpha a6100 Mirrorless Digital Camera

တန်ဖိုး-USD848$

အားသာချက်

Sony Alpha a6100 Mirrorless Camera ဖြစ်ပါတယ်။ 23.5 x 15.6 mm အရွယ်အစား APS-C (1.5x Crop Factor), Exmor CMOS Sensor BIONZ X image processor ထောက်ပံ့ပေးထား ပါတယ်။ 24.2 Megapixel ပါ၀င်ပြီးဓာတ်ပုံ ကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို လည်း UHD 4K30p and Full HD 120p Video အထိ ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံမှာ ISO Sensitivity – Auto, 100 to 32000 (Extended: 100 to 51200) စွမ်းဆောင်နိုင်မှာပါ။ ဒီစျေးနှုန်းက 16-50mm အပါအဝင်စျေးဖြစ်ပါတယ်။ E PZ 16-50mm f/3.5-5.6 OSS lens ပါ၀င်ပြီး 35mm မြင်ကွင်းအနေအထားအရ 24-75mm ရရှိမှာဖြစ်ပါတယ်။ JPEG File အတွက် Frame per second 11fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

Viewfinder အတွက် SVGA Tru-Finder 1.44m-Dot အရည်အသွေးရှိ OLED EVF ထောက်ပံ့ပေးထားပါတယ်။ ၃ လက်မအရွယ်အစား 921.6k-dot အရည်အသွေးရှိ 180° Tilting Touchscreen ပါ၀င်ပြီး ၁၈၀ ဒီဂရီလှည့်နို်င်သလို ထိတွေ့စေခိုင်းနိုင်မှာပါ။ ချိတ်ဆက်မှုပိုင်းမှာတော့ 3.5mm Headp-hone, 3.5mm Microphone, HDMI D (Micro), Micro-B (USB 2.0) စတာတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi နဲ့ Bluetooth ထောက်ပံပေးထားပါတယ်။ Screen ကို မိမိဘက်အထိ ပြန်လှည့်နိုင်တာကြောင့် Selfie ၀ါသနာရှင်တွေအနေနဲ့ မိမိအနေအထားကို မိမိစိတ်ကြိုက်ပြင်နိုင်မှာပါ။ Focus ပိုင်းမှာ Automatic (A), Continuous-Servo AF (C), Direct Manual Focus (DMF), Manual Focus (M), Single-Servo AF (S) စတာတွေရရှိနိုင်ပြီး Point အနေနဲ့ကတော့ 425 Phase- & Contrast-Detect AF Points ရရှိမှာဖြစ်ပါတယ်။

အားနည်းချက်

အတူထွက်ရှိဖို့ ကြော်ငြာထားတဲ့ Alpha 6600 လောက် Low Light နိုင်မှာ မဟုတ်ပါဘူး။ Video ပိုင်းမှာ 4K အထိ ထောက်ပံ့ပေးထားပေမယ့် fps က 30 ပဲရတဲ့အတွက် နည်းပါတယ်။ အသုံးပြု ဘက်ထရီကလည်း Capacities နည်းပါးတဲ့အတွက် ရိုက်ချက်လည်း နည်းမှာသေချာ သလောက်ပါ။

သုံးသပ်ချက်

စျေးနှုန်းအနေနဲ့က ဓာတ်ပုံဝါ သနာရှင်တိုင်း လက်လှမ်းမှီနိုင်တဲ့ စျေးဖြစ်ပါတယ်။ Focus ဖြတ်နှုန်း မြန်ဆန်တဲ့အတွက် Street Photographer တွေပါ သဘောကျစေမှာပါ။ Feature စုံလင်ပြီး Pro ဆန်ဆန်ကိုင်တွယ် အသုံးပြုနိုင်မယ့် တန်ဖိုးသင့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 30” ကနေ 1 / 4000 အထိ ရပါတယ်။ Built-in Flash အနေနဲ့ ပါ၀င်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်း ပါ၀င်မှာပါ။ Card slot အနေနဲ့ တစ်ခုတည်းပါ၀င်ပြီး SD/SDHC/SDXC/Memory Stick Duo Hybrid (UHS-I) စတာတွေ ထည့်သွင်း အသုံးပြုနိုင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Auto, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံး ပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multi-Zone, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (Cool White), Fluorescent (Day White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ အပြည့်စုံ ပါ၀င်ပါတယ်။ 1.44m-Dot အရည်အသွေးရှိ SVGA Tru-Finder OLED EVF Electronic Viewfinder ထည့်သွင်း ပေးထားပါတယ်။

Screen Display ပိုင်းမှာတော့ ၃ လက်မအရွယ်ရှိတဲ့ 921.6k-Dot အရည်အသွေးရှိ 180° Tilting Touchscreen ထောက်ပံ့ ပေးထား ပါတယ်။ NP-FW50 Rechargeable Lithium-Ion, 7.2 VDC,
1080 mAh ဘက်ထရီကိုထည့် သွင်းအသုံးပြုထားပြီး အား အပြည့်သွင်းထားရင် ရိုက်ချက် ၄၂၀ ၀န်းကျင်ရရှိမှာဖြစ်ပါတယ်။ အရွယ်အစားက 120 x 66.9 x 59.4 mm ဖြစ်ပြီး အလေးချိန် 396g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H