Sony ရဲ့ PlayStation 5 အစောဆုံး မှာယူနိုင်မယ့် အစီအစဉ်

Sony ဟာ PlayStation 5 ဂိမ်းစက်ကို တိုက်ရိုက် ကြိုတင်မှာယူသူ အစောဆုံးလူတွေထဲက တစ်ဦးဖြစ်ဖို့ ဖိတ်ကြားခံ အွန်လိုင်းစာရင်းသွင်း စာမျက်နှာတစ်ခု https://www.playstation.com/en-us/campaigns/2020/ps5-direct-pre-orders/ ဖွင့်လှစ်လိုက်ပါတယ်။

Sony ရဲ့ထုတ်ပြန်ချက်အရ ဒီနှစ် အားလပ်ရက်ရာသီအတွင်း PS5 ဂိမ်းစက် ကန့်သတ်အလုံးရေကို မှာယူခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။ Sony ရဲ့ဂိမ်းစက် ကြိုတင်မှာယူခွင့် ဖိတ်ကြားအစီအစဉ်ကတော့ အသစ်ထွက်ရှိမယ့် ဂိမ်းစက်ကို အစောဆုံး ရရှိမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

Sony ရဲ့ FAQ စာမျက်နှာမှတ်စုအရ စာရင်းသွင်းဖောင် ဖြည့်ထားပေမယ့်လည်း PS5 ကြိုတင်မှာယူမယ့် ဖိတ်ကြားမှုကို ရရှိဖို့ အာမမခံဘူးလို့ ဖော်ပြထားပါတယ်။ အရင်ကာလတုန်းက စိတ်ဝင်စားမှုနဲ့ PlayStation လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ဖိတ်ကြားလွှာကို ဖြန့်မယ်လို့ Sony ကရေးသားထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««