Sony ရဲ့ Airpeak ဒရုန်း

Sony ကတော့ CES 2021 ပြပွဲမှာ Airpeak ဒရုန်းအသစ်ကို အမြည်းမိတ်ဆက်ခဲ့ပြီး ဒရုန်းဈေးကွက်ထဲ ဝင်လာပါတယ်။ အခုဒရုန်းအသစ်မှာ Alpha ကင်မရာတစ်လုံး ပါဝင်ပြီး ကျွမ်းကျင်အဆင့်ရှိ ဓာတ်ပုံဆရာနဲ့ ဗီဒီယိုဖန်တီးသူတွေ အတွက် ဒီဇိုင်းထုတ်ထားပါတယ်။

Airpeak ဒရုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကတော့ နည်းနည်းပဲ ထွက်လာပါသေးတယ်။ Sony ကတော့ ရှုခင်းနဲ့ မြို့မြင်ကွင်း ရိုက်ကူးမှုအကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် Airpeak ကတော့ Visioon-S concept ကားနောက်ကနေ လိုက်လံရိုက်ကူးနေတဲ့ ဗီဒီယိုကို Sony ကပြသခဲ့ပါတယ်။ Airpeak ဒရုန်း ဒီဇိုင်းမှာ မြေပြင်ပေါ်ဆင်းသက်နိုင်တဲ့ ဂီယာပါဝင်ပြီး ပျံသန်းမှုအတွင်း အတွင်းဘက်ထဲ ထည့်သိမ်းပေးနိုင်ပါတယ်။

Sony ဟာ ၂၀၂၀ နှောင်းပိုင်းမှာ Airpeak အမှတ်တံဆိပ်ကို မူလစတင် မိတ်ဆက်ခဲ့ပြီး ၂၀၂၁ နွေရာသီမှပဲ ရောင်းချမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««