Sony ကင်မရာ sensor အသုံးပြုထားတဲ့ Redmi K30

Redmi K30 ဖုန်းကို 4G နဲ့ 5G နှစ်မျိုး ထုတ်လုပ်ဖွယ်ရှိပါတယ်။ K30 ဖုန်းမှာ ကျောဘက်ကင်မရာ ၄ လုံး ပါဝင်လာမယ်လို့ Redmi က Weibo account ကနေ အသေးစိတ် ထုတ်ပြန်ခဲ့ပါတယ်။

ဖုန်းရဲ့ ကျောဘက်ကင်မရာ ၄ လုံးထဲမှာ Sony IMX686 sensor နဲ့အတူ 64MP ပါဝင်ပြီး wide-angle နဲ့အတူ ၁၂၀ ဒီဂရီ FoV အပြင် macro lens နဲ့ depth sensor တစ်ခုစီတို့ ပါဝင်လာပါတယ်။ ရှေ့ကင်မရာမှာ 20MP ကင်မရာ အတွက် punch-hole ဒီဇိုင်း အသုံးပြုထားသလို depth sensor နဲ့တွဲဖက်ထားပါတယ်။

Redmi K30 ဖုန်းကို ဒီဇင်ဘာ ၁၀ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီး Sony ရဲ့ 64MP sensor ပါဝင်တဲ့ ပထမဆုံးထုတ်ကုန် ဖြစ်လာပါမယ်။ Redmi အနေနဲ့ ကင်မရာရဲ့ အရည်အသွေးကို ဗီဒီယိုအတိုလေးနဲ့ ပြသထားပြီး အသေးဆုံး အရာဝတ္ထုကို zoom ဆွဲပြီး ရိုက်တဲ့အခါ အသေးစိတ် ပုံဖော်ပေးပါတယ်။

Redmi K30 စီးရီးစမတ်ဖုန်းမှာ 765G chipset နဲ့အတူ 5G ချိတ်ဆက်မှုအတွက် Snapdragon X55 modem ကို တွဲဖက်ထားနိုင်ပါတယ်။ ဘက်ထရီကတော့ 4,500mAh နဲ့ ရှေ့ကင်မရာ နှစ်လုံးအတွက် punch-hole ဒီဇိုင်းအပြင် မျက်နှာပြင် ၆.၆၇ လက်မ ရှိလာနိုင်ပါတယ်။

စိုးထက်
Ref: GSMArena