Sonic Mania

Developer – PagodaWest Games
Publisher – Sega
Genre – Action Adventure, Platformer
Release Date – August 29, 2017
Platforms – PC, PS4, Xbox One, Nintendo Switch
Gameplay – 10
Graphics – 8
Sound – 8
Presentation – 9
Final Score – 9 out of 10

အခုခေတ် video game လောကမှာ အထင်ရှားဆုံး ပြိုင်ဘက် နှစ်ယောက်ကတော့ Xbox console ဂိမ်းစက်တွေနဲ့ PlayStation console ဂိမ်းစက် တို့ပါပဲ။ နိုင်ငံတကာမှာရော မြန်မာပြည်မှာပါ gamer အတော်များများက Xbox ပိုကောင်းတယ်။ PlayStation ပိုကောင်းတယ် ဒါမှမဟုတ် PC က Console ထက်ပိုကောင်းတယ်ဆိုတာကို ရှူထောင့်ပေါင်းစုံကနေ ယခုထက်တိုင် ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၀ အစောပိုင်းကာလတွေက Super Nintendo နဲ့ Sega Genesis ပရိသတ်တွေရဲ့ ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်ခဲ့ပါတယ်။ အခုအ ချိန်မှာ video game ကို platform အစုံမှာ နည်းမျိုးစုံနဲ့ ကစားနိုင်ပေမယ့် အရင်ခေတ်တုန်းကတော့ Nintendo နဲ့ Sega တို့မှာသာ video game အများစုကစားလို့ ရတဲ့အတွက်ကြောင့်ပဲ Nintendo နဲ့ Sega တို့ရဲ့ ပြိုင်ဆိုင်မှုဟာ ပရိသတ်ကြားမှာရော ကုမ္ပဏီ နှစ်ခုကြားမှာပါ အတော်လေးပြင်း ထန်ခဲ့ပါတယ်။ Mario နဲ့ Sonic တို့ဟာလည်း အရင်တုန်းက video game လောကရဲ့ အကြီးမားဆုံး Rival နှစ်ယောက်လို့တောင်ပြော လို့ရပါတယ်။ Sega ဟာ Sega Dreamcast ဂိမ်းစက်ထုတ် လုပ်ပြီးနောက်ပိုင်း ၂၀၀၀ ခုနှစ်အစောပိုင်းမှာ console hardware လောကမှ console software သီးသန့်ပိုင်းသို့ ကူးပြောင်းပြီးနောက်ပိုင်းမှသာ Sonic ကိုအခြားဂိမ်း console တွေမှာ ပိုမိုမြင်တွေ့လာရတာ ဖြစ်ပါတယ်။ Sonic Mania ဂိမ်းက တော့ Sonic the Hedgehog video game များစထွက်ချိန်က အအောင်မြင်ဆုံး Sonic 2D ဂိမ်းတွေရဲ့ gameplay ပုံစံကို အသားပေးထားတဲ့ ဂိမ်းသစ်ဖြစ် ပြီး Sonic ရဲ့ မူရင်း classics ဂိမ်းတွေ ကြိုက်သူတွေက သေချာပေါက် နှစ်သက်မယ့် ဂိမ်းဖြစ်ပါတယ်။

Sonic Mania မှာ အရင် 2D ခေတ်က classic Sonic ပုံစံ အတိုင်း ကစားရမှာဖြစ်ပြီး သူ့ရဲ့ partner ဖြစ်သူ Tails ကို ကိုယ်တိုင် ကိုင်တွယ်နိုင်သလို player two ကလည်း လိုက်ပြီးကစားနိုင်ပါတယ်။ အချို့ level တွေမှာတော့ Knuckle ကိုအသုံးပြုပြီး နံရံတွေတွယ်တက်ရတဲ့ ပုံစံမျိုး ability တွေကိုပါ အသုံးပြုနိုင်မှာပါ။ Main act တိုင်းကို Act 1 နှင့် Act 2 ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး classic Sonic ဂိမ်းပုံစံ 2D level ကိုပဲ အဓိက ထည့်ထားကာ modern Sonic ရဲ့ Sonic CD ပုံစံ 3D level တွေကိုတော့ bonus level တွေအဖြစ် secret passage တွေမှာကစားပြီး Chaos Emerald တွေ လိုက်ရှာ နိုင်မှာပါ။ True Ending ကို ရရှိဖို့ကတော့ Sprite-based 3D levels တွေအားလုံးကို နိုင်အောင်ကစားဖို့ လိုပါတယ်။ Sonic ဂိမ်းတွေနဲ့ နောက်ပိုင်းမှ ရင်းနှီးလာသူတွေကတော့ 2D level တွေနဲ့ အနည်းငယ်စိမ်းနေမှာ ဖြစ်ပေမယ့် မူလ Sonic ပရိသတ်အတော် များများကတော့ 3D level တွေထက် 2D level တွေကို ပိုမိုနှစ်သက်ကြမှာပါ။ ဒါပေမဲ့ 3D level တွေကလည်း အရင်လောက် level design ပိုင်းအပြစ်ပြောစရာ မရှိတော့ပါဘူး။ 2D Sonic game တွေလောက် Review Score မကောင်းခဲ့တဲ့ Sonic the Hedgehog နဲ့ Sonic Unleashed ဂိမ်းက 3D level တွေထက် အများကြီး ကစားလို့ပိုကောင်းလာတာ တွေ့ရှိရပါတယ်။ Level ပုံစံ သစ်တွေပါသလို မူလ 2D Sonic ဂိမ်းက Level မျိုးတွေ Sonic Colors ဂိမ်းက Planet Wisp လို Level မျိုးတွေပါဝင်ထားပါတယ်။ အရင်နာမည်ကြီး zone တွေကို လမ်းကြောင်းပိုင်းတွေ အနည်းငယ်ပြောင်းလဲထားသလို puzzle ဆန်ဆန် လမ်းသစ်တွေ လိုက်ရှာရမယ့် gameplay တွေလည်း ထည့်ပေးထားပါတယ်။ Main zone အဖြစ် ၁၂ ခုပါဝင်ထားပြီး act တွေ ထပ်ခွဲထားသလို trail mode တွေ၊ remixed zone တွေလည်း ပါဝင်ထားလို့ အနည်းဆုံးသုံး၊ လေးခေါက်လောက် ပြန်ကစားရင်တော့ သိပ်မအီသေးပါဘူး။

ကစားရတာ သွက်လက်တဲ့ Boss battles တွေ အများကြီး ပါဝင်ထားပြီး Sonic က ပြေးတာ အရမ်းမြန်နေပြီးတော့ ကစားရတာလည်း တော်တော်လေးပျော်ဖို့ ကောင်းတဲ့အတွက် ပင်မ Act 12 ခုကလည်း ချက်ချင်းပြီးသွားသလို ခံစားရစေပါတယ်။ ဒါပေမဲ့ gameplay ပိုင်း၊ level design ပိုင်းအပြင် graphics ပိုင်းပါ အရင် 3D Sonic ဂိမ်းတွေထက် အများကြီး ပိုမိုကောင်းမွန်လာတာ တွေ့ရပြီး challenge mode ပေါင်း များစွာလည်း ပါဝင်တဲ့အတွက် Sonic ပရိသတ်တွေရော 2D Platforming ဂိမ်းတွေကြိုက်တဲ့ gamer များပါ ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

-နေအောင်လတ်