Social Media Marketing အကြောင်း အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

Intro to Social Media Marketing Part 2: Reach, Relationships and ROIs ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ် ၂ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Social Media Types of Content များအကြောင်း၊ Community Management ကိုသုံးပြီး ကိုယ့် Audience ကို ဘယ်လို Relationships တစ်ခုတည်ဆောက်မလဲ၊ Social Media Reach ရဖို့ ဘယ်လို Strategy တွေချပြီး အကောင်အထည်ဖော်ရမလဲ၊ Social Media Goals တွေဘယ်လိုသတ်မှတ်ရမလဲ၊ ROI ရော ဘယ်လိုကြည့်ရမလဲ စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဓိက ပါဝင်ဆွေးနွေးသွားမယ့် သူတွေကတော့ nexlabs ရဲ့ Head of Corporate Marketing မအိအိခင်နဲ့ nexlabs မှ Marketing Executive မမြတ်သက်ငုံ တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/3gSZKjx မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««