Snapdragon 8cx Gen 2 အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး Laptop

Acer ဟာ မကြာသေးခင်က မိတ်ဆက်ထားတဲ့ Qualcomm Snapdragon 8cx Gen 2 အသုံးပြုထားတဲ့ Spin 7 laptop ကိုထုတ်ပြသလိုက်ပါတယ်။ Acer Spin 7 ဟာ two-in-one ထုတ်ကုန်ဖြစ်ပြီး IFA နည်းပညာပြပွဲအတွင်း Qualcomm ကမိတ်ဆက်ခဲ့ပါတယ်။

8cx Gen 2 laptop တွေက ဘက်ထရီတာရှည်ခံပြီး စွမ်းဆောင်ရည် အလွန်ကောင်းမွန်ကာ လုပ်ငန်းသုံးလုံခြုံရေးနဲ့ AI ထောက်ပံ့မှု အပြင် အဆင့်မြင့်ကင်မရာနဲ့ အသံနည်းပညာအလွန်ကောင်းတယ်လို့ Qualcomm ကထုတ်ပြန်ထားပါတယ်။

Spin 7 မှာတော့ mmWave နဲ့ sub-6 ကြိမ်နှုန်းထောက်ပံ့ထားတဲ့ 5G နဲ့ Wi-Fi 6 တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ၃၆၀ ဒီဂရီ လှည့်နိုင်တဲ့ ပတ္တာပါဝင်ကာ အထူက ၁၅.၉ မီလီမီတာနဲ့ အလေးချိန် ၃.၁ ပေါင်ရှိပါတယ်။ ၁၄ လက်မ Full

HD မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ Acer Spin 7 ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုတော့ မသိသေးပါဘူး။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««