Snapdragon 888 နဲ့ပွဲထွက်လာတဲ့ Xiaomi Mi 11

Xiaomi ကတော့ ဖုန်းတွေကို Pro, Pro Max နဲ့ Pro Plus မော်ဒယ်မခွဲတော့ဘဲ အရင်တုန်းကလိုမျိုး Mi 11 ဆိုတဲ့ ဖုန်းတစ်မျိုးတည်းကိုပဲ မိတ်ဆက်လိုက်ပါတယ်။ Xiaomi Mi 11 ဖုန်းဟာ Snapdragon 888 ချစ်ပ်အသုံးပြုတဲ့ ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ Xiaomi ရဲ့အကောင်းဆုံး display လည်း ပါဝင်လာပါတယ်။ Mi 11 မှာ မျက်နှာပြင် ၆.၈၁ လက်မ AMOLED နဲ့အတူ QHD+ ရုပ်ထွက်အရည်အသွေးနဲ့ 120Hz refresh rate တို့ပါဝင်လာပါတယ်။

ရှေ့ဘက် panel အတွက် touch sampling rate ကတော့ 480Hz ရှိပြီး brightness ကတော့ 1,500nits နဲ့ Gorilla Glass Victus ကာကွယ်မှု ပါဝင်လာပါတယ်။ ဖုန်းမှာတော့ Snapdragon 888 ကို RAM 8GB နဲ့ storage 128/256GB ပေါင်းစပ်ထားသလို RAM 12GB နဲ့ storage 256GB မော်ဒယ်လည်း ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် microSD ကတ်ပေါက်လည်း ပါဝင်လာပါတယ်။

အဓိက ကင်မရာမှာ 108MP နဲ့အတူ 7P lens နဲ့ ရှေ့ဘက်မှာ f/1.85 lens ပါဝင်လာပါတယ်။ ကင်မရာထဲမှာ 13MP ultrawide angle ကင်မရာကတော့ ၁၂၃ ဒီဂရီ FoV ထောက်ပံ့မှုအပြင် အခြေခံ 5MP macro lens ပါဝင်လာပါတယ်။ ရှေ့ဘက်မှာ Xiaomi ကတော့ 20MP selfie ကင်မရာကို punch hole ထဲ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ရှေ့ဘက် panel မှာတော့ ဘေးတစ်ဖက်တစ်ချက် အကွေးဒီဇိုင်းဖြစ်ပြီး Goodix နောက်ဆုံးပေါ် optical fingerprint scanner ကိုအသုံးပြုထားပါတယ်။

Xiaomi Mi 11 မှာတော့ အားသွင်းမြန်ဆန်စနစ် 55W အထိ ထောက်ပံ့ထားတဲ့ 4,6600mAh ပါဝင်လာပြီး ကြိုးမဲ့အားသွင်းစနစ်က 50W အထိထောက်ပံ့ကာ 10W reverse အားသွင်းစနစ်လည်း ပါဝင်လာပါတယ်။ Mi 11 ကိုတော့ Quick Charge 4+, Quick Charge 3+ နဲ့ Power Delivery 3.0 adapter တွေနဲ့ အားသွင်းနိုင်ပါတယ်။ Xiaomi ကတော့ ဖုန်းဘူးထဲမှာ အားသွင်းတုံး မထည့်ထားပါဘူး။

 

Mi 11 အတွက် ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်မျိုးကတော့ Harman Kardon ချိန်ထားတဲ့ စတီရီယိုစပီကာ ပါဝင်ပြီး တိုးတက်တဲ့ Night Mode လုပ်ဆောင်ချက်၊ 5G ချိတ်ဆက်မှု၊ Wi-Fi 6E ထောက်ပံ့မှု၊ Bluetooth 5.2, NFC နဲ့ လမ်းညွှန်စနစ်သစ်တွေ ပါဝင်လာပါတယ်။ Xiaomi ဟာ Mi 11 ကိုကြိုတင်မှာယူခွင့် ပေးထားပေမယ့် ၂၀၂၁၊ ဇန်နဝါရီ ၁ ရက်မှ စတင်ရောင်းချပါမယ်။ Xiaomi ဟာ Mi 11 ကိုတော့ အနက်၊ အဖြူ၊ အပြာ၊ ကာကီရောင်သားရေ၊ ခရမ်းရောင်နဲ့ လေဂျွန် လက်မှတ်ပါတဲ့ အထူးဗားရှင်းလည်း ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၆၁၀ နဲ့ စတင်ရောင်းချပြီး memory များတဲ့ မော်ဒယ်ကတော့ ၇၂၀ ဒေါ်လာအထိ ကျသင့်ပါမယ်။ ပထမဆုံး flash sale ကိုတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««