Snapdragon 875 ချစ်ပ် အချက်အလက် ပေါက်ကြားထွက်ပေါ်

Qualcomm ဟာ လာမယ့်လအတွင်း Snapdragon 875 chipset ကိုမိတ်ဆက်နိုင်ပါတယ်။ Weibo ပေါ်က သတင်းအချက်အလက် ဖော်ထုတ်သူတစ်ဦးကတော့ chipset ရှေ့ပြေးပုံစံကို တွေ့ခဲ့ရတယ်လို့ တင်ထားပါတယ်။ Digital Chat Station ကလည်း Qualcomm ရဲ့ 5nm ချစ်ပ်အသစ်မှာ 2.84GHz ပါဝင်တဲ့ Cortex-X1 စွမ်းဆောင်ရည်မြင့် core တစ်ခုပါဝင်သလို 2.42GHz ရှိတဲ့ Cortex-A78 core သုံးခုနဲ့ 1.8GHz နဲ့ Cortex-A55 core လေးခု ပါဝင်လာတယ်လို့ ဆိုပါတယ်။

ARM တွက်ချက်မှုအရ Cortex-X1 ဟာ Cortex-A78 ထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း တည်ငြိမ်ပြီး စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

Snapdragon 875 မှာတော့ Adreno 660 GPU ပါဝင်တယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««