Snapdragon 865 အသုံးပြုထားတဲ့ Meizu 17 စီးရီး

Meizu ဟာ ကုမ္ပဏီအထင်ကရဖုန်း Meizu 17 နဲ့ 17 Pro တို့ကို ထုတ်ဖော်မိတ်ဆက်သွားပါတယ်။ Meizu 17 Pro မှာတော့ ကင်မရာပိုမိုစုံလင်သလို ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပြီး RAM လည်းမြန်ဆန်ပါတယ်။ ဖုန်းဒီဇိုင်းကတော့ အလွန်တူညီပြီး 17 Pro အတွက် အနက်ရောင် ceramic ကိုဖြန့်ချိထားပါတယ်။ Meizu 17 Pro ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်လာပါတယ်။

Meizu 17 ဖုန်းတွေမှာ မျက်နှာပြင် ၆.၆ လက်မ Super AMOLED display နဲ့အတူ 90Hz refresh rate နဲ့ 20MP selfie ကင်မရာကို punch-hole ထဲမှာ ထည့်သွင်းထာားပါတယ်။ Panel အတွင်းဘက်မှာ in-display fingerprint scanner ပါဝင်ပြီး 19.5:9 aspect ratio နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။ စပီကာ ၂ လုံး ပါဝင်ကာ Meizu ရဲ့ mEngiine 3.0 haptic engine ပါဝင်လာပါတယ်။

Meizu 17 နဲ့ 17 Pro ဖုန်းတွေမှာ 64MP Sony IMX686 ပါဝင်ပါတယ်။ Meizu 17 Pro မှာတော့ 8MP telephoto အစိတ်အပိုင်း ပါဝင်တဲ့အတွက် 8x zoom ထောက်ပံ့မှု ပါဝင်သလို ၁၂၉ ဒီဂရီအထိ ရိုက်ကူးနိုင်မယ့် 32MP ultrwide ကင်မရာ ပါဝင်လာပါတယ်။ စတုတ္ထအစိတ်အပိုင်းကတော့ Samsung ရဲ့ S5K3 3D TOF ကင်မရာဖြစ်ပြီး depth နဲ့ AR တို့ရိုက်ကူးနိုင်ပါတယ်။

Meizu 17 မှာတော့ 12MP wide ကင်မရာနဲ့အတူ 8MP ultrawide နဲ့ 5MP macro တို့ပါဝင်လာပါတယ်။

Meizu 17 စီးရီးတွေမှာ Snapdragon 865 နဲ့အတူ 12GB LPDDR5 RAM အထိပါဝင်ပေမယ့် Meizu 17 မှာတော့ 8GB LPDDR4X ပဲပါဝင်လာပါတယ်။ Meizu 17 စီးရီးတွေမှာ 128GB ဒါမှမဟုတ် 256GB UFS 3.0 storage ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဘက်ထရီကတော့ 4,500mAh နဲ့ 30W အားသွင်းမြန်ဆန်စနစ် ထောက်ပံ့ထားပါတယ်။ Meizu 17 Pro မှာတော့ ကြိုးမဲ့ 27W အထိ ထောက်ပံ့ထားပါတယ်။ ဖုန်းတွေမှာ Android 10 အခြေခံ Flyme 8.1 ပါဝင်လာပါမယ်။
Meizu 17 ကို အစိမ်း၊ မီးခိုးနဲ့ အဖြူဆိုပြီး ထုတ်လုပ်ပါမယ်။ Meizu 17 အတွက် 8/128GB ကတော့ ဒေါ်လာ ၅၂၅ ကျသင့်သလို 8/256GB ကတော့ ဒေါ်လာ ၅၆၅ ကျသင့်ပါမယ်။

Meizu 17 Pro အတွက် 8/128GB မော်ဒယ်က ၆၀၅ ဒေါ်လာနဲ့ 12/256GB ကတော့ ၆၆၅ ဒေါ်လာ ကျသင့်ပါမယ်။ မေ ၁၁ ရက်မှာ တရုတ်နိုင်ငံအတွင်း တရားဝင်ရောင်းချပါမယ်။ Meizu က အထူးဗားရှင်းအဖြစ် Collectgors Edition 17 Pro ကို ဒေါ်လာ ၁,၄၁၅ နဲ့ မေ ၂၅ ရက်မှာ စတင်ရောင်းချပါမယ်။ နောက်ထပ် အထူးဗားရှင်း Meizu 17 Aircraft Carrier ကိုလည်း မေ ၂၇ ရက်မှာ ၆၀၅ ဒေါ်လာနဲ့ ရောင်းချပါမယ်။

စိုးထက်
Ref: GSMArena

စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .