Snapdragon 855 SoC နဲ့ 120Hz dual-notch display ပါဝင်တဲ့ Sharp Aquos R3
[ Zawgyi ]
စိုးထက်
Ref: GSMArena
[ Unicode ]
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ဂျပန်ကုမ္ပဏီ sharp ဟာ dual notch ပါဝင်တဲ့ ကမ႓ာပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ Aquos R2 compact ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ Sharp ဟာ Aquos R3 ကိုထုတ်ဖော်ပြသလိုက်ပါတယ်။
Sharp Aquos R3 မှာ ၆.၂လက်မ Pro IGZO panel နဲ့အတူ ရုပ်ထွက်အရည်အသွေးက 3120x 1440 pixel နဲ့ refresh rate 120Hz ဖြစ်ပါတယ်။ HDR 10 ထောက်ပံ့မှုပါဝင်သလို notch ၂ ခုပါဝင်လာပါတယ်။ ပထမတစ်ခုက 16.3MP selfie ကင်မရာနဲ့ အခြား notch ကတော့ home ခလုတ်အတွင်းက fingerprint scanner ဖြစ်ပါတယ်။
Aquos R3 ကျောဘက်မှာ dual ကင်မရာပါဝင်ပြီး 12.2MP (f/1.7, 78-degree FOV) နဲ့ 20MP (f/2.4, 125-degree FOV) အစိတ်အပိုင်းပါဝင်လာပါတယ်။ စမတ်ဖုန်းမှာ AI Live Story နဲ့ AI Live Shutter လိုမျိုး AI အခြေခံ ကင်မရာ feature တွေပါဝင်လာပါတယ်။
Sharp Aquos R3 မှာ Snapdragon 855 Soc နဲ့ RAM 6GB ပါဝင်လာပါတယ်။ Android Pie နဲ့ဖြစ်ပြီး storage onboard 128GB ဖြစ်ပါတယ်။
ဘက်ထရီကတော့ 3,200mAh ဖြစ်ပြီး 11W Qi ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပါတယ်။ ဈေးနှုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။
Ref: GSMArena