Snapdragon 855 Plus နဲ့Waterfall Display ပါဝင်တဲ့ NEX 3 5G ကို vivo မိတ်ဆက်

အသစ်မိတ်ဆက်လိုက်တဲ့ vivo NEX 3 မှာ 5G ကွန်ရက်အသုံးပြုထားပြီး အဓိကကင်မရာ 64MP အသုံးပြုထားသလို Samsung ISOCELL Bright GW1 sensor အသုံးပြုထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ wide-angle shooter နဲ့ 13MP telephoto ကင်မရာတို့ ပါဝင်လာပါတယ်။

vivo NEX 3 ဟာ ဒီဇိုင်းပိုင်းလှပတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဖုန်းမှာ Waterfall FullView Display လို့ခေါ်တဲ့ အရာ ပါဝင်လာပါတယ်။ Super AMOLED panel နဲ့အတူ အရွယ်အစား ၆.၈၉ လက်မ ဖြစ်ကာ screen-to-body အချိုးအစားကတော့ ၉၉.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ vivo NEX 3 ရဲ့အနားစွန်းကွေးတွေကို ၉၀ ဒီဂရီနီးပါး ကွေးထားပါတယ်။

vivo NEX 3 မှာခလုတ်တွေ မပါဝင်တော့ဘဲ တကယ့်ခလုတ်တွေကို ထိတွေ့သလို ခံစားရစေမယ့် Touch Sense ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် X-Axis Haptic အမည်ရ feature ပါဝင်ပြီး သက်သောင့်သက်သာဖြစ်စေမယ့် vibration ကို ဂိမ်းတွေမှာအသုံးချထားသလို စာရိုက်တာနဲ့ အခြားနေရာတွေမှာလည်း ပါဝင်လာပါတယ်။

vivo NEX 3 ရဲ့ selfie ကင်မရာက viov X27 Pro နဲ့ဆင်ပါတယ်။ ဒါပေမဲ့ vivo NEX 3 မှာတော့ 16MP ပါဝင်လာပါတယ်။ Portrait Master ရဲ့ Hyper HDR လို့ခေါ်တဲ့ feaure ကတော့ သုံးစွဲသူမျက်နှာနဲ့ နောက်ခံအလင်းအကွက်အကြား dynamic range တိကျမှုကို တိုးမြှင့်ထားပါတယ်။ ပုံမှန်ကင်မရာမှာတော့ wide-angle, telescopic နဲ့ macro လုပ်ဆောင်ချက်တို့ ပါဝင်လာပါတယ်။
ဖုန်းအတွက် RAM 8GB ဒါမှမဟုတ် 12GB ကိုရွေးချယ်နိုင်သလို storage ကတော့ 256GB ဖြစ်ပါတယ်။ ဖုန်းရဲ့ chipset ကတော့ Snapdragon 855 Plus ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,500mAh နဲ့အတူ 44W အားသွင်းမြန်ဆန်စနစ်နဲ့အတူ vivo iQOO Pro တို့ပါဝင်လာပါတယ်။


လာမယ့်လအတွင်း vivo NEX 3 စီးရီးတွေကို အာရှပစိဖိတ်ကို အရှေ့တောင်ဘက်တရုတ်နဲ့ အခြားဈေးကွက်တွေမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဖုန်းကို မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းအသက်သာဆုံးကတော့ ၇၀၇ ဒေါ်လာ နဲ့ဆို RAM 8GB, storage 128GB နဲ့ 4G လုပ်ဆောင်ချက်တို့ ပါဝင်လာပါတယ်။ 5G modem ပါဝင်တဲ့ vivo NEX 3 ကတော့ ဒေါ်လာ ၈၁၀ ကျသင့်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အကောင်းဆုံး vivo NEX 3 5G မှာတော့ 12/256GB တို့ပါဝင်ကာ ဒေါ်လာ ၈၇၇ ကျသင့်ပါမယ်။ ကြိုတင်မှာယူမှုကို စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှာ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena