Snapdragon 855 နဲ့ဘက်ထရီ 4,500 mAh အပြင် ၆.၅လက်မ OLED ပါဝင်တဲ့ Meizu 16T

Meizu ဟာ နောက်ဆုံးပေါ် flagship ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းအမည်က Meizu 16T ဖြစ်ပြီး feature စုံလင်ပါတယ်။

Meizu 16T မှာ ၆.၅ လက်မ OLED မျက်နှာပြင် ပါဝင်ပြီး notch ဒါမှမဟုတ် cutout တွေမပါဝင်ပါဘူး။ ဖုန်းရဲ့ ထိပ်ဖက်ဘောင်က ထူထဲပြီး ရှေ့ကင်မရာ၊ earpiece နဲ့ sensor တချို့ပါဝင်လာပါတယ်။ မျက်နှာပြင်က TUV ခွင့်ပြုချက်ရထားတဲ့ အပြာရောင်အလင်းတန်းထုတ်လွှင့်မှု နည်းပါးပါတယ်။ ရုပ်ထွက်အရည်အသွေးက 1080x 2232px နဲ့အတူ 18.5:9 aspect ratio ပါဝင်လာပါတယ်။ ဖုန်းရဲ့ fingerprint reader ကို in-display မှာ ထည့်သွင်းထားပါတယ်။

ဖုန်းမှာ Snapdragon 855 chipset နဲ့အတူ Adreno 640 GPU ပါဝင်လာပါတယ်။ Memory ပိုင်းကတော့ RAM 6GB နဲ့ internal UFS 3.0 storage 128GB အပြင် RAM 8GB နဲ့ storage 256GB မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင် ပါတယ်။ Meizu 16T မှာ microSD အပေါက် မပါဝင်ပေမယ့် 3.5mm နားကြပ်ပေါက် ပါဝင်လာပါတယ်။

Meizu 16T ရဲ့ကျောဘက်မှာ ကင်မရာ ၃ လုံး အသုံးပြုထားပြီး 12MP အဓိက sensor နဲ့အတူ f/1.9 aperture နဲ့အတူ lens ဖြစ်ပါတယ်။ အဓိက sensor ကို 8MP ultra-wide ကင်မရာ f/2.2 aperture နဲ့ 5MP depth sensor တို့နဲ့ တွဲဖက်ထားပါတယ်။ ရှေ့ကင်မရာကတော့ f/2.2 နဲ့အတူ 16MP ဖြစ်ပါတယ်။
ဖုန်းမှာ 4,500 mAh ဘက်ထရီထောက်ပံ့ထားပြီး 18W fast mCharge တို့ပါဝင်လာပါတယ်။ Meizu 16T မှာ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ Android 9 Pie အခြေခံ Flyme 8 ကိုအသုံးပြုထားပါတယ်။

Meizu 16T ကို လိမ္မော်၊ အပြာနဲ့ အစိမ်းဆိုပြီး ထုတ်လုပ်ထားကာ 6GB/128GB ကို ဒေါ်လာ ၂၈၀ နဲ့ ရောင်းချပါမယ်။ Meizu 16T ရဲ့ 8GB/128GB ကတော့ ဒေါ်လာ ၃၂၀ ဖြစ်ပြီး 8GB/256GB ကတော့ ဒေါ်လာ ၃၅၀ အထိ ကျသင့်နိုင်ပါတယ်။

လက်ရှိမှာ ဖုန်းကို တရုတ်နိုင်ငံမှာ Meizu ရဲ့ တရားဝင် ဝက်ဘ်စတိုးကနေ ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena